ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက်ပြည်ပရောက် အမျိုးသား ကျောင်း သားများအဖွဲ့(ONSOB) မှကြီးမှူး၍ ၄၈ နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့ကို ဘန်ကောက်မြို့ဘန်ဘော်နယ်မြေ တွင်ယ မန်နေ့ကကျင်းပကြသည်။ ဘန်ဘော်နယ်မြေ Bang Khun Thian 14 လမ်းရှိ ငါးသေတ္တာအလုပ်ရုံအတွင်း အလုပ် သမားတစ်ဦးအခန်း တွင်ကျင်းပ ခဲ့ရာ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ (ဘန်ကောက်ဌာနခွဲ)နှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအသင်း (အလုပ်သမားအဖွဲ့)တက်ရောက်အားပေးခဲ့ ကြသည်။ ONSOB အဖွဲ့ဥက္ကဌ ကိုအောင်သန်းဦး က“ကျနော် တို့ စစ်အာဏာ ရှင်တော်လှန်ရေးကကြာလာပြီဖြစ်တယ်။
အဖိုးကနေ၊ အဖေ၊ အဖေကနေ ကျနော်တို့၊ လက်ထဲကိုရောက်နေပြီဖြစ်တယ်။ ကျနော်တို့လက်ထဲမှာ ဒီအာဏာရှင်စံနစ် ချုပ်ငြိမ်းသွားဖို့ လိုတယ်။ မဟုတ်ရင် ကျနော့်သမီးလက်ထက်ကိုရောက်သွားမယ်။ဒါဆိုရင် ကျနော်တို့ သားသမီးတွေကို စစ်ကျွန်အဖြစ်ထားခဲ့ရမယ်။ ကျနော်တို့ သားသမီးတွေကို ကျွန်အဖြစ်မထားလိုရင် ကျနော်တို့  လက်ထက်မှာစစ်အာဏာရှင်ပြုတ်အောင်တိုက်ရမယ်။အရေးကြုံလာရင် ကျနော်တို့  ကျောင်းသားတွေ ဆိုတာပြည်သူတွေရှေ့ကအမြဲရပ်ခဲ့ပါတယ်”ဟုပြောသည်။ အခန်းအနားတွင် ၁၉၆၂ခုနှစ် ဇူလိုင်လ၇ရက်နေ့က ဗိုလ်ချုပ်နေ၀င်း အစိုးအဖွဲက ဖေါက်ခွဲဖျက်ဆီးခဲ့သည့် ရန်ကုန်တက္ကသိုလ်၊ ကျောင်းသား သမဂ္ဂအဆောက်အဦးပုံကို ချိတ်ဆွဲထားသည်။ ထို့အပြင်ဗိုလ်ချုပ်အောင်ဆန်းပုံ၊ ဒေါ်စုပုံတို့ကိုလည်း နံရံတွင်ချိတ်ဆွဲထားသည်။ ကျဆုံးလေပြီးသော ကျောင်းသားခေါင်းဆောင်များ အားအလေးပြုပြီးကျောင်းသားသမဂ္ဂသီချင်းကိုသံပြိုင်သီ ဆိုပြီးအခန်းအနားကို ဖွင့်လှစ်လိုက်ကြသည်။ ထို့နောက် သဘာပတိနှင့်အခြားအဖွဲ့အစည်းမှ ကိုယ်စားလှယ် များကအမြင်သဘောထား များကိုဟော ပြောကြသည်။ တသီးပုဂ္ဂလတက်ရောက်လာသည့်၊၂၀၁၀ နှစ်ဆန်းပိုင်းက လွတ်မြောက်နယ်မြေသို့ ထွက်ခွာလာခဲ့သူ ပြင်ဦးလွင်စစ်တက္ကသိုလ်၊ မဟာသိပံ္ပနှင့်ဓါတုဗေဒ၊ ပထမနှစ်ကျောင်းသား ဗိုလ်ရဲထက် က“ကျောင်းသားလူငယ်တွေဆိုတာ တိုင်း ပြည်ရဲ့ အနာဂတ်ကို ဖန်တီမယ့်လူတွေဖြစ်တယ်၊ တည်ဆောက်မယ့်လူတွေဖြစ်တယ်။ကျောင်းသားတွေ မစုဝေးနိုင်အောင် သမိုင်းဝင်အဆောက်အဦးကြီးကို ဖျက်ဆီးလိုက်တာဟာ တိုင်းပြည်ရဲ့အနာဂတ်ကိုဖျက် ဆီးတာနဲ့အတူတူပဲ။ တိုင်းပြည်၊နိုင်ငံဆိုတာ လူတစ်စု၊အဖွဲ့တစ်ဖွဲ့ပိုင်မဟုတ်ပါဘူး၊အဲဒီနိုင်ငံမှာရှိနေကြတဲ့ တိုင်းရင်းသားတိုင်း၊ လူတိုင်းပိုင်ဆိုင်တာပါ။ နောက်တစ်ခုပြောနိုင်တာ ပျားအုံလိုပေါ့ဗျာ။ ပျားအုံရှိနေ၇င်ပျား တွေလာမယ်။ပျားတွေမလာနိုင်အောင်လို့  ပျားအုံကိုဖွတ်ပစ်လိုက်တာ၊ဖျက်ဆီးပစ်လိုက်တာပေါ့ဗျာ”ဟုပြော သည်။ တပ်မတော်တွင်းအုပ်ချုပ်ရေးမှာ ပြင်ပနှင့်မတူညီပဲ အထက်အမိန့်ဆိုသည်နှင့်တစ်ပြိုင်နက်ထမ်းဆောင်ရ လေ့ရှိကြောင်း၊ တပ်ထဲတွင်အမှန်တရားကိုလိုချင်မြတ်နိုးကြသူများရှိကြကြောင်း၊ဗိုလ်ချုပ်အဆင့်ရောက်ပြီးမှ အမှန်တရားကိုထုတ်ဖေါ်သဖြင့် ထောင်ကျနေရသူများရှိကြောင်း၊တပ်တွင်းမှ အမှန်တ၇ားကိုဖေါ်ထုတ် ရင်ဆိုင်လိုက်သူတိုင်း၊မိသားစုလိုက်ဘ၀ပျက်သွားရသူများစွာရှိနေပြီးဖြစ်ကြောင်း၊ထိုသို့ အမှန်တ၇ားအ တွက် ဘ၀ပျက်ခံနေရသည့်မိသားစုများကို ရှာဖွေပြီး တော့ပြည်ပအဖွဲ့အစည်းတို့ကကူညီပေးနိုင်လျှင် အင်အားစုတစ်ရပ်ဖြစ်လာနိုင်ကြောင်း၊ အတိုက်အခံအင်အားစုများအနေဖြင့် အမှန်ဘက်မှ ရပ်တည်လို သည့် တပ်မှူးတပ်သားများကိုရှာဖွေစည်းရုံးပြီး လိုအပ်သည်များကိုအပြည့်အ၀ တာဝန်ယူပေးခြင်းသည် မြန်မာနိုင်ငံစစ်အာဏာရှင်ပြုတ်ကျရေးအတွက်အထူးအရေးကြီးမည်ထင်ကြောင်း ဗိုလ်၇ဲထက်က ထောက် ပြပြောဆိုသွားသည်။ ၁၉၆၂ခုနှစ်ဇူလိုင်လ၇ ရက်နေ့  တွင်မြန်မာစစ်အာဏာရှင် တို့ဖျက်ဆီးခံခဲ့ရသည့် ကျောင်းသားသမဂ္ဂအ ဆောက်ဦးအတွင်း ကျောင်းသားတစ်ရာကျော်သေဆုံးခဲ့ရသည်။ မြန်မာလွတ် လပ်ရေးတိုက်ပွဲဝင်ခေါင်းဆောင်များ၊ တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်များ မွေးဖွားပေးသည့်  နေရာတစ်ခုဖြစ် ကြောင်း ထုတ်ပြန်ကြေညာချက်တွင်ရေးသားထားသည်။ အဆိုပါအခန်းအနားသို့ အဖွဲ့အစည်း အချို့မှလူများအပြင် အနီးနားမှစိတ်ပါဝင်စားကြသည့်မြန်မာအလုပ်သ မားသုံးဆယ်ဝန်း ကျင်ခန့် တက် ရောက်ခဲ့ကြသည်။ အခန်းအနားကိုကျောင်းသားသမဂ္ဂသီချင်းပြိုင်တူသီဆိုပြီး အရေးတော်ပုံအောင်ရ မည်ကြွေးကြော်လျှက်အောင်မြင်စွာရုပ်သိမ်းခဲ့ကြသည်။ှ
** သတင်း- ဦးကျော်သောင်း (ဘန်ကောက်) **

No comments:
Post a Comment