ဟုတ်ကဲ့ပါခင်ဗျာ…။ ကျနော်တို့ မြန်မာပြည်သားအဖွဲ့ (ခေါ်) မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA)ဟာ ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင်အတွင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းနိုင်ငံ အလုပ်သမားဥပဒေ ဆွေးနွေးပွဲတွေ အပတ်စဉ်ကျင်းပပေးနေသလို တချိန်တည်းမှာပင် မြန်မာပြည်က နေ့ထူး နေ့မြတ်တွေနဲ့ တိုက်ဆိုင်လာရင်လည်း (ဥပမာ- ဇူလိုင်လ ၁၉-ရက်၊ အာဇာနည်နေ့… စသဖြင့်) ဟောပြောပွဲ တွေကို ပြုလုပ်နေလျက်ပါပဲ။ ဟောဒီ ဓာတ်ပုံတွေမှာ ကျနော်တို့ မြန်မာပြည်သားအဖွဲ့ရဲ့ တာဝန်ရှိသူတွေဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုဝင် ကျောင်းသားတွေကို ဘယ်လိုဘယ်ပုံ ပညာပေး နေတယ်ဆိုတာ ဖော်ညွှန်းနေတာပါပဲ။ ကျနော်တို့ဟာ တာ့(ခ်)ခရိုင်အတွင်းက မဲဆောက်၊ တာ့(ခ်)၊ မယ်ရမတ်၊ ထဆောင်ယန်း၊ အုန်းဖန်၊ ဖုတ်ဖရ စတဲ့ မြို့နယ် (၆)ခုမှာ လစဉ်ကွင်းဆင်း လှုပ်ရှားနေကြပါတယ်။ ပင်ပန်း သရွေ့အစဉ်ချမ်းမြေ့ကြပါစေ။
သတင်းမှတ်တမ်း။ ။ မြန်မာပြည်သား

No comments:
Post a Comment