(ပါရီ၊ ဇူလိုင် ၁၇-ရက်)
အာရှတိုက်၌ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ တရားမ၀င်လောင်းကစားမှုများကို ပိုက်စိပ်တိုက်နှိမ်နင်းလျက်ရှိရာ လူ ၅၀၀၀-ကျော်အား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း နိုင်ငံတကာ ရဲတပ်ဖွဲ့(အင်တာပိုလ်)က သောကြာနေ့တွင် ပြောကြားသည်။ ယင်းနိုင်ငံများမှ ရဲတပ်ဖွဲ့များသည် ဘောလုံးအလောင်းအစား လုပ်သော သီးသန့်အခန်း ၈၀၀ နီးပါးမျှကို ဖော်ထုတ်၍ ၀င်ရောက်စီးနင်းရာ လောင်းကြေးငွေ ဒေါ်လာ ၁၅၅ သန်းကျော်သိမ်းဆည်းနိုင်ခဲ့သည်။ ယင်းစစ်ဆင်ရေးကို ဇွန်လ ၁၁-ရက်နေ့မှ ဇူလိုင်လ ၁-ရက်နေ့အထိ ပြုလုပ်ခဲ့သည်။ (အင်တာနက်)
** ဘောလ်တစ်ပင်လယ်ကြမ်းပြင်တစ်နေရာ၌ နှစ် ၂၃၀-သက်တမ်းရှိ ရှမ်ပိန်ပုလင်းတွေ့ရှိ **
(ဟယ်လ်ဆင်ကီး၊ ဇူလိုင်လ ၁၇-ရက်)
ဘောလ်တစ်ပင်လယ်ရေအောက်၌ သင်္ဘောပျက်ရှာဖွေနေသော ရေငုပ်သမားအဖွဲ့တစ်ဖွဲ့သည် ကမ္ဘာ့သက်တမ်းအရင့်ဆုံး ရှမ်ပိန်အရက်ပုလင်းတစ်လုံးကို ရေအောက်တွင် တွေ့ရှိကြောင်း ဇူလိုင်လ ၁၇-ရက်နေ့က သတင်းများတွင် ဖော်ပြသည်။ ကျွမ်းကျင်သူတို့၏ အဆိုအရ ယင်းရှမ်ပိန်ပုလင်းကို ၁၈-ရာစုနှောင်းပိုင်းတွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၂၃၀-ခန့် သက်တမ်းရှိပြီဖြစ်ကြောင်းသိရသည်။ ကာလတန်ဖိုး ဒေါ်လာ ၆၈၀၀ မျှတန်ဖိုးရှိနိုင်မည့် ယင်းရှမ်ပိန်ပုလင်းကို လေ့လာသုံးသပ်နိုင်ရန်အတွက် ပြင်သစ်နိုင်ငံရှိ ရှမ်ပိန်ကျွမ်းကျင်သူများထံ ပေးပို့ထားကြောင်း သတင်းတွင် ဖော်ပြသည်။ လက်ရှိတွင် ကမ္ဘာ့သက်တမ်းအရင့်ဆုံးအဖြစ် သတ်မှတ်ထားသော ရှမ်ပိန်မှာ ၁၈၂၅ ခုနှစ်တွင် ထုတ်လုပ်ခဲ့သော ရှမ်ပိန်ဖြစ်၍ နှစ်ပုလင်းသာ ကျန်ရှိတော့သည်။ ယခုရေအောက်၌ တွေ့ရှိခဲ့သော ရှမ်ပိန်ပုလင်းကိုမူ ၁၇၇၂ ခုနှစ်နှင့် ၁၇၈၅ ခုနှစ်အကြား ကာလတွင် ထုတ်လုပ်ခဲ့သည်ဟု ယူဆထားသည်။ (ရိုက်တာ)
** ကမ္ဘာ့ဈေးကွက်၌ ဒေါ်လာတန်ဖိုး အနည်းငယ်မြင့်တက် **
ကမ္ဘာ့ငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုး အနည်းငယ်မြင့်တက်လျက်ရှိရာ ဂျပန်နိုင်ငံ တိုကျိုငွေကြေးဈေးကွက်တွင် ဂျပန်ယန်း ၈၈ ယန်းလျှင် အမေရိကန်တစ်ဒေါ်လာဖြစ်ခဲ့ကြောင်း ဇူလိုင်လ ၁၇-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** အင်ဒိုနီးရှားကမ်းလွန်၌ ငလျင်လှုပ် **
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီပြည်နယ် ကမ်းလွန်တွင် ဇူလိုင်လ ၁၇-ရက်နေ့ နံနက်က ရစ်ခ်ျတာစကေး ၆ ဒသမ ၂-ရှိ အင်အားပြင်း ငလျင်လှုပ်ခဲ့ကြောင်း ဆူလာဝေစီပြည်နယ် အစိတ်အပိုင်းအချို့တွင် ငလျင်ဒဏ်အနည်းငယ် ခံစားရသည်မှအပ ထိခိုက်ပျက်စီးမှုမရှိကြောင်း အင်ဒိုနီးရှားအရာရှိများက ပြောကြားသည်။ (အင်တာနက်)
** ကနေဒါ၌ လေယာဉ်ငယ်ပျက်ကျ **
ကနေဒါနိုင်ငံ ကွီဘက် ပြည်နယ်တွင် ဇူလိုင် ၁၇-ရက်နေ့က လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း၊ ရာသီဥတုဆိုးရွားမှုကြောင့် ပျက်ကျခြင်းဖြစ်ကြောင်း ကနေဒါလေကြောင်း ဌာနက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** စုစည်ဘာသာပြန်-မောင်ချစ်ကြည် **
** အာရှတွင် တရားမ၀င် ဘောလုံးလောင်းကစားများ အင်တာပိုလ်နှိမ်နင်း **

No comments:
Post a Comment