ရီးရဲမက်ဒရစ်အသင်းသည် ချဲလ်ဆီးအသင်းမှ အသက် ၂၉-နှစ်ရှိ ဘယ်နောက်ခံလူ အက်ရှ်လေကိုးလ်အား ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀-ဖြင့် ခေါ်ယူရေး နီးစပ်နေပြီဖြစ်ကြောင်း၊ မိမိအနေဖြင့် လာမည့်နှစ်တွင် အက်ရှ်လေကိုးလ်သည် ရီးရဲမက်ဒရစ်ကစားသမားဖြစ်လာမည်ဟု ယုံကြည်ကြောင်း ကမ္ဘာ့ဖလားဆွတ်ခူးခဲ့သည့် စပိန်အသင်းနှင့် ရီးရဲမက်ဒရစ်ဂိုးသမား အီလ်ကာ ကာဆီးလက်စ်က ပြောကြားသည်။ (အင်တာနက်)
** ဂျာမနီကွင်းလယ်မှ ခီဒီရာအား ချဲလ်ဆီး စိတ်ဝင်စား **
ချဲလ်ဆီးအသင်းသည် ဘွန်ဒက်စ်လီဂါအသင်းဝါဒါဘရီမင်မှ အသက် ၂၁-နှစ်ရှိ ကစားသမား အိုဇီးလ်အား ခေါ်ယူရေးကြိုးပမ်းမှုကို နောက်ဆုတ်လိုက်ကြောင်း၊ ယင်းအစား စတုဂတ်မှ အသက် ၂၃-နှစ်အရွယ်ရှိ ဂျာမနီကွင်းလယ်ကစားသမား ဆာမီခီဒီရာအား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ (အင်တာနက်)
** ရော်ဘင်ဟိုနှင့် ဘယ်လာမီအား မန်စီးတီးက ရောင်းထုတ်ဖွယ် **
ယခုနွေရာသီတွင် မန်စီးတီးက ရော်ဘင်ဟိုနှင့် ခရစ်ဘယ်လာမီတို့ နှစ်ဦးအား ပြောင်းရွှေ့ကြေးပေါင်သန်း ၈၀-ဖြင့် တစ်ပြိုက်တည်း ရောင်းထုတ်ဖွယ်ရှိကြောင်း၊ ဆန်းတို့စ်အသင်းသို့ အငှားချထားသည့် ရော်ဘင်ဟိုသည် အေစီမီလန်သို့ ရောက်ရှိဖွယ်ရှိကြောင်း၊ ဝေလတိုက်စစ်မှူး ဘယ်လာမီနှင့် ၄င်း၏ မန်စီးတီးကစားဖော်ဖြစ်သူ ခံစစ်မှူး မီကတ်ခ်ျရစ်ချတ်တို့အား စပါးက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ (အင်တာနက်)
** ကတ်ချူယောင်အား ကမ်းလှမ်းခေါ်ယူရန် ရွိုင်ဟော့ဂ်ဆန်စီစဉ် **
လီဗာပူးနည်းပြ ရွိုင်ဟော့ဂ်ဆန်သည် ပြင်သစ်အသင်း မိုနာကိုမှ အသက် ၂၅-နှစ်အရွယ်ရှိ တောင်ကိုရီးယားတိုက်စစ်မှူး ပတ်ချူယောင်အား ပေါင်ခြောင်းသန်းဖြင့် ကမ်းလှမ်းခေါ်ယူရန် စီစဉ်နေသည်။ (အင်တာနက်)
** ရော်ဘင်ဟိုအား ခေါ်ယူရန် ရှက်တာဒိုးနက်စ် စဉ်းစားနေ **
မန်စီးတီးတွင် နေရာမရဖြစ်နေသော ဘရာဇီးတောင်ပံကစားသမား ရော်ဘင်ဟိုအား ယူကရိန်းကလပ်အသင်း ရှက်တာဒိုးနက်က ပြောင်းရွှေ့ကြေးပေါင်သန်း ၂၀-ဖြင့် ကမ်းလှမ်းစာချုပ်ခေါ်ယူရန် စဉ်းစားနေသည်။ (အင်တာနက်)
** အင်တာသို့ ပြောင်းရွှေ့ရန် မာရေယာနို စိတ်အားထက်သန် **
လီဗာပူးကွင်းလယ်ကစားသမား ဂျာဗီယာမာရှေယာနိုသည် လာမည့် ဘောလုံးရာသီတွင် ၄င်း၏ နည်းပြဟောင်းရှိသည့် အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ကစားရန် စိတ်အားထက်သန်နေကြောင်း သိရသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- ချစ်စိုးနိုင် **
** အက်ရှ်လေကိုးလ် ရီးရဲသို့ ပြောင်းရွှေ့ရေး နီးစပ်နေ **

No comments:
Post a Comment