ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ဒေသခံဆိုင်ကယ်တက္ကစီမောင်းသူများက မြန်မာအလုပ်သမားများအား ယာဉ်မောင်းလိုင်စဉ်လုပ်ပေးခြင်းအားရပ်တန့် ပေးရန်ယမန်နေ့ ကတောင်းဆိုဆန္ဒပြခဲ့ကြကြောင်းသိရသည်။
ရနောင်း မှ မြန်မာအလုပ်သမား ကိုအေးက“မနေ့ ညနေ့ ၃နာရီလောက်မှာပါ။ရနောင်းမြို့တော်ဝန်အိမ်
ရှေ့မှာ ဆိုင်ကယ်ဆက္ကစီသမားတွေကစုပေါင်းပြီးတော့ဆန္ဒပြကြတာဖြစ်ပါတယ်။ထိုင်းဆိုင်ကယ်သမား
တွေပြောတာကတော့ မြန်မာအလုပ်သမားတွေ ယာဉ်မောင်းလိုင်စင်တွေလုပ်လိုက်တော့ သုံးဘီိးဘေးတွဲ
ဆိုင်ကယ်တို့ ၊သုံးဘီးဆိုင်ကယ်တို့ တွေအပြင် ကိုယ်ပိုင်ဆိုင်ကယ်တွေလည်းစီလာကြတယ်။ဒါကြောင့်ထိုင်း
ဆိုင်ကယ်သမားတွေအဆင်မပြေဖြစ်လာကြတယ်ပေါ့။ဒါကြောင့်ဒီမြန်မာတွေကို လုပ်ပေးနေတဲ့ ယာဉ်မောင်း
လိုင်စင်တွေကိုလုပ်မပေးဖို့ တောင်းဆိုကြတာဖြစ်ပါတယ်၊မြို့တော်ဝန်အိမ်မှာမရှိတဲ့အတွက် အတိအကျဘာမှမသိရဘူး”ဟုပြောသည်။
ထိုင်းအစိုးရက ရွေ့ပြောင်းအလုပ်သမားများအနေဖြင့် ယာယီပတ်စပို့လုပ်ပြီးသူများအားယာဉ်မောင်းလိုင်
စဉ်လုပ်ပေးရန် ထိုင်းအစိုးရကဥပဒေပြဌာန်းထားခဲ့သည်။ ထိုင်းလုပ်ငန်းရှင်များအနေဖြင့်ယာဉ်မောင်းလိုင်စင်
ရှိသည့်မြန်မာရွေ့ပြောင်းအလုပ်သမားတစ်အားလုပ်အားခတစ်လလျှင်ဘတ်ငွေ၆၀၀၀/ဘတ်ဝန်းကျင်ခန့်
ဖြင့်ခိုင်းစေ၍ရသော်လည်းထိုင်း ယာဉ်မောင်းတစ်ဦးအားငှါးရမ်းအသုံးပြုမည်ဆိုပါက အနည်းဆုံးဘတ် ၁၅၀၀၀၀ ပေးရမည်ဖြစ်သဖြင့်လုပ်အားခဈေးနုန်းသက်သာသည့်မြန်မာအလုပ်သမားများကိုသာခိုင်းစေသည်။
ထိုင်းနိုင်ငံတောင်ပိုင်းဖန်ငအခြေစိုက်ပညာရေးနှုင့်ဖွံ့ဖြိုးတိုးတက်ေ၇းဖေါင်ဒေးရှင်းဒါရိုက်တာ ဦးထူးချစ်က“တရားဝင်အခွန်ဆောင်ပြီးနေထိုင်တဲ့ ဘယ်နိုင်ငံသားကိုမဆို နိုင်ငံတိုင်းမှာ ယာဉ်မောင်းလိုင်
စင်ထုတ်ပေးတာပဲလေ။ ပြီးတော့တရားဥပဒေအတွင်းက လူတိုင်းရသင့်ရထိုက်တဲ့အခွင့်အရေးသာဖြစ်တယ်
ဒေသခံတွေကို အနိုင်အထက်ပြုတာ၊အလုပ်အကိုင်အခွင့်အလမ်းတွေပိတ်ပင်တာလို့ တော့ ကျနော်မမြင်ပါ
ဘူး၊ထိုင်းလူမျိုးတွေအလုပ်အကိုင်အခွင့်အလမ်းကိစ္စကထိုင်းအစိုးရဖြေရှင်းရမယ့်ကိစ္စပဲဖြစ်တယ်။သူတို့ စွတ်စွဲသလို လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါးသယ်ဆောင်မှုဆိုတဲ့ကိစ္စတွေက ထိုင်းလူမျိုးတွေမပါပဲဘယ်လို မှ လုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူး။လုံးဝအခြေအမြစ်မရှိတဲ့စကားပဲဖြစ်တယ် ”ဟုပြောသည်။
သမားများအားလိုင်စဉ်ထုတ်ပေးခဲ့ခြင်းသည် ဒေသခံထိုင်းလူမျိုးများအလုပ်အကိုင်အခွင့်အလမ်းများဆုံးရှုံးမှုများခြင်း၊အပြင် အခြားသမိုင်းကြောင်းဆိုင်ရာအချက်များကြောင့်ဒေသခံထိုင်းလူမျိုးအတော်များများတို့ ကမြန်မာအလုပ်သမားများကိုအမြင်မကြည်လင်မှုများရှိနေဆဲဖြစ်သည်။သို့ရာတွင် ထိုင်းနိုင်ငံအတွင်လာရောက်အလုပ်လုပ်ကိုင်နေကြသည့်ရွေ့ ပြောင်းအလုပ်သမားများ တရားဝင်ယာဉ်မောင်းလိုင်စင်လုပ်ကိုင်ခွင့်ရရှိရေးအတွက် လူ့အခွင့်အရေးအဖွဲ့ များကတောင;်ဆိုလာခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီးဖြစ်သည်။ ပြီးခဲ့ ဇူလိုင်လ ၉ ရက်နေ့ ကဖန်ငခရိုင် တကွန်ပါမြို့နယ်ထိခက်ရွာရှိ၊ လူထုခမ်းမ တွင်ထိုင်းအာဏာပိုင်များနှုင့် ကုန်းလမ်းသယ်ယူပို့ ဆောင်ရေးဌာနတို့ ကဒေသအခြေစိုက်မြန်မာအလုပ်သမားများယာဉ်စည်းကမ်းနှုင့်လမ်းစည်းကမ်းဆိုင်ရာပညာ ပေးဟောပြောပွဲကိုကျင်းပခဲ့ကြသည်။
ရွေပြောင်းအလုပ်သမားများအာူးယာဉ်မောင်းလိုင်စင်လုပ်ပေးခြင်းသည်လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါးသယ်
ဆောင်ခြင်းလုပ်ငန်းကိုအားပေးအားမြှောက်ပြုရာရောက်ကြောင်းဆန္ဒပြသူများကခန့် မှန်းစွပ်စွဲပြောဆိုနေကြသည်။
သတင်း ... ကိုကျော်သောင်း(ဘန်ကောက်)
**(ဇူလိုင် ၂၂၊၂၀၁၀)**

No comments:
Post a Comment