မဲဆောက်မြ၀တီနယ်စပ်ဂိတ်အား မြန်မာဘက်မှ ပိတ်ဆို့ လိုက်သဖြင့် ထိုင်းဘတ်ငွေ ဘီလီယံနှင့်ချီဆုံးရှုံး
နေကြောင်းထိုင်းဘာသာဖြင့်ထုတ်ဝေသည့်ဒေလီးနယူးသတင်းစာတွင်ရေးသားထားသည်။
မြ၀တီနှင့်မဲဆောက်အကြား နစ်နွမ်းမွေဆိုသည့်ချောင်းနေရာတွင် ချောင်းရေတိုက်စားမှုသက်သာစေရန် ထိုင်းနိုင်ငံဘက်မှ ကျောက်တုံးကျောက်ခဲများဖြင့်ကာရံလုပ်ကိုင်ခဲ့သည်။ထိုကိစ္စအား မြန်မာအာဏာပိုင်များက ရေလမ်းကြောင်းပြောင်းသွားလျှင်မြန်မာပိုင်နယ် မြေများကိုပိုမိုတိုက်စားစေမည်ဖြစ်သဖြင့် မကျေမ နပ်ဖြစ်ကာပြီးခဲ့ သည့်၁၀ ရက်ခန့် နေ့ ကတည်းကထိုင်းမြန်မာနယ်စပ်ဂိတ်ကို တစ်ဖက်သတ်ပိတ်ပစ်ခဲ့ခြင်းဖြစ်သည်။
မဲဆောက်မြို့အခြေစိုက်မြန်မာကုန်သည်ကြီးတစ်ဦးက“ထိုင်းအာဏာပိုင်တွေကကျောက်ခဲတွေစီတဲ့လုပ်ငန်းလုပ်တာပါ။ မနက်ဖြန် ထိုင်းအာဏာပိုင်တွေ နေပြည်တော်ကိုသွားကြမယ်ပြောတယ်။ ဘာညာ ပေးလိုက်ရင် ပြီးသွားမှာပါ။ ဒီလိုဂိတ်ပိတ်လိုက်တဲ့အတွက် တစ်နေ့ ကိုထိုင်းဘတ်သန်း ၆၀ ဖိုးဆုံးရှုံးမှုရှိတယ်လို့ တော့ပြော
တယ်ကျနော်တို့ လည်းငုတ်တုတ်ထိုင်စောင့်ပေါ့ဗျာ”ဟုဆိုသည်။
တံတားပိတ်ဆို့လိုက်ခြင်းကိစ္စကို ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဝိချာချီဝ ကမသိသေးကြောင်း၊နောက်လတွင်သူ
မြန်မာနိုင်ငံကိုသွားရန်ရှိကြောင်းပြောဆိုသွားသည်။ဂျူလိုင် ၂၈ ရက်နေ့ တွင်စီပွါးကူးသန်း ၀န်ကြီး နိုင်အလုံလော်ဖုန်ဖုပ် မြန်မာနိုင်ငံသို့သွားရောက်မည်ဖြစ်သည်။တပြိုင်တည်းတွင် ထိုင်းနယ်စပ်ကန်ချနဘူရီ
နှင့်ထားဝယ်မြို့ကိုဆက်သွယ်မည့် တံတားတစ်စင်းအား ထိုင်းနိုင်ငံဘက်မှ အကုန်အကျခံတည်ဆောက်မည့်
ကိစ္စကိုပါဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းစာတွင်ဖေါ်ပြထားသည်။
**(ဂျူလိုင် ၂၂၊၂၀၁၀၊ကိုတီး- ရခိုင့်တံခွန်ဂျာနယ်)**

No comments:
Post a Comment