ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, July 22, 2010

နောက်တစ်ခေါက်မှလိုက်တော့မယ်

> **စာချိုးအကျော် ဗန်းမော်ဆရာတော် ပုံပြင်များ**
တနေ့ ဗန်းမော်ဆရာတော်ဘုရားသည် စာဝါပို့ ချ ပြီးနောက် ခေတ္တနားသည်။ကွမ်းတစ်ယာ
စားခိုက် ဒကာ တစ်ဦး ရောက်ရှိလာသည်။ဆရာတော်အား ၀တ်ဖြည့်သည်။
‘’အရှင် ဘုရားဗုဒ္စဘာသာဝင်တိုင်း ရဲ့ ရည်ရွယ်ချက်ဟာ နိဗာန်လို့ ဆိုပါတယ် ဘုရား ။
တပည့်တော်လဲနိဗာန်ကိုပဲ ရည်စူးပါတယ် ဘုရား ။ဒါကြောင့် နိဗာန်ရောက်ရာ ရောက်ကြောင်း
ဟောတော်မူ ပါဦးဘုရား’’
‘’နိဗာန် ဆုကို တကယ်လိုချင်လား ဒကာကြီး ။ သူသူ ငါငါ တောင်းတာနဲ့ တောင်းတာ လား”
‘’တကယ်လို ချင်တာပါ ဘုရား’’
‘’သားမယားစတဲ့ လောကီ စည်းစိမ်တွေကော စွန့်လွှတ်နိုင်ပါ့ မလားဒကာကြီး””
“”နိဗာန်သာ ရမယ်ဆိုရင်စွန့် လွှတ်နိုင်ပါတယ်ဘုရား””
“စဉ်းစား ပြီးမှ ပြော ဒကာ ကြီး”
‘ရှင်းပါဦး ဘုရား”
“တစ်ခါက ဈေးချိုတောင် မှာ မောင်အောင် နဲ့  မောင်ဆောင် ဆိုတဲ့ သူငယ်ချင်းနှစ်ဦးရှိတယ်။”
ဆရာတော်က ပြုံးတော်မူရင်း ပုံပြင်ကိုစသည်။

မောင်အောင် မှာ အိမ်ထောင်မရှိ လူပျိုကြီးဖြစ်သည်။ ပျော်ရွှင်စွာနေတတ်သည်။ နောက်ပြောင်ကျီစယ်တတ်သည်။
မောင်ဆောင် မှာမူ အိမ်ထောင်သည် ဖြစ်သည်။တည်တံ့စွာနေတတ်သည်။စီးပွားရေးလုပ်ကိုင်
သည်။နေပူ မိုးရွာမရှောင် အိမ်တော်ရာ ဘုရားသို့  နံနက်တိုင်း သွားသည်။ဝတ်တက်သည်။
‘’ “မောင်ဆောင်”
“ဘာလဲ မောင်အောင်”
“မင်း မနက်တိုင်း ဘုရားသွားတယ်။ ရည်ရွယ်ချက် က ဘာလဲ သူငယ်ချင်း”
“နိဗာန်ရောက်ချင်လို့  သူငယ်ချင်း”
မောင်အောင် က မေးလေတိုင်း နိဗာန် ရောက်ချင်လို့  ချည်းဖြေသည်။
“မင်းမှာ သားနဲ့ မယားနဲ့  စီးပွားရေးအလုပ်အကိုင်နဲ့  နိဗာန် ကို တကယ်သွားနိုင်ပါ့ မလား”
မောင်အောင်ကမေးသည်။
“တကယ်ရောက်ချင်လို့  တကယ်ကြိုးစားတာပေါ့ မောင်အောင်”
“သြော်”
မောင်အောင်က မောင်ဆောင်ကို စမ်းသပ်ရန်ဆုံး ဖြတ်လိုက်သည်။
နောက်ပြောင် ကျီစယ်တတ်သော မောင်အောင်သည်အခါအခွင့် အခြေအနေကို စိတ်ရှည်စွာ
စောင့်သည်။နှစ်လ ခန့် ကြာသွားသည်။ မောင်အောင်ဇာတ်အဖွဲ့ မှ နတ်ဝတ်တန်ဆာ တစ်စုံ
ငှားသည်။ ဇာတ်သူ မျက်နှာချေများ ဖွေးနေအောင်လိမ်းသည်။ ထို့ နောက် အိမ်တော်ရာဘုရားထဲမှ ရုပ်ပွားတော်ကြီးနောက်
တွင် ပုန်းနေသည်။
မောင်ဆောင်သည်ထုံးစံအတိုင်း ဘုရားသို့ ရောက်လာသည်။ ဘုရားကို ရှိခိုးကန်တော့သည်။
“နိဗာန်သို့  ရက်တို တို နဲ့  ရောက်ရပါလို ၏ အရှင် ဘုရား””
မောင်ဆောင်က ဆုတောင်းသည်။
“အသင် လူသား”
ငုံ့ ၍ ကန်တော့နေရာမှ အသံကြားရာသို့  မော့ကြည့် လိုက်မိသည်။
“ဗုဒ္စေါ”
မောင်ဆောင် ဘုရားတမိသည်။
ရုပ်ပွားတော်ကြီး၏ ရှေ့ တွင် နတ်မင်းကြီး တစ်ပါးပေါ်နေသည်။
“နိဗာန် ကို တကယ်ရောက်လို ပါသလား အသင်လူသား”
“ရောက်လို ကြောင်းပါ ဘုရား”
“ရောက်လို ရင် လိုက်ခဲ့ပေတော့ ၊ ပို့  ပေးမယ်”
“အခု ချက်ချင်း လိုက်ရမှာ လားနတ်မင်း”
“တာဝတိံသာ ဖိုးသကြား က အသင်လူသား ကို ချက်ချင်းခေါ်ခဲ့ ရမယ်လို့  အမိန့်တော်ချလိုက်တယ်”
“ခက်တော့တာပဲ နတ်မင်း ၊ သားမယား ကိုတောင် နှုတ်မဆက်ရတော့ဘူးလား”
“နိဗာန်ကိုသိပ်ရောက်ချင်ရင်တစ်ခါတည်းလိုက်ခဲ့ ပေတော့”
“သားမယားကို နှုတ်ဆက်ခွင့်ပြုပါ နတ်မင်းရယ်”
“ခက်ပါလား၊ ဒီလောက်နှုတ်ဆကချင်ရင် မြန်မြန်သွား၊ နှုတ်ဆက်ပြီးပြန်လာခဲ့”
နတ်မင်း ကခွင့်ပြုသည်။ မောင်ဆောင်လည်း ချက်ချင်းပင် အိမ်သို့ အမြန်ပြန်သည်။နတ်ယောင်ဆောင်
ထားသူ မောင်အောင်က တဟားဟား ရယ်မော ကျန်ရစ်သည်။
မောင်ဆောင်က မယားကိုနှိုးသည် ။ အကျိုးအကြောင်း ရှင်းပြသည်။
“ရှင် တော်တော် ကုသို လ်ထူးတာပဲ ကိုဆောင် ၊ ဒီအခွင့်အရေးမျိုးဆိုတာ ရခဲလှပါတယ်၊ ရှင်ကလဲ
နိဗာန် သိပ်သွားချင်တာ မဟုတ်လား၊ လိုက်သွားပါ”
မယားဖြစ်သူ ကလည်း ခင်ပွန်းသည် ဆန္ဒပြည့်စေရန် တိုက်တွန်းစကားဆိုသည်။ မောင်ဆောင်မှာ
အကျပ်တွေ့ တော့သည်။
“ဒီအခွင့်အရေး မျိုး ရခဲတယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့်  မင်းမှာက ကလေးတစ်ဖက်၊ချက်
ရပြုတ်ရ တာက တစ်ဖက် နဲ့ ။ ကသီလင်တိဖြစ်မှာပေါ့ကွာ”
“ဒါဖြင့်..”
“နောက်တစ်ခေါက်မှ လိုက်တော့မယ်ကွာ”
“ဖြစ်ပါ့မလား ကိုဆောင်၊ ရှင့်  ကို နတ်မင်းက ဘုရားက စောင့်နေမှာပေါ့”
“စောင့်စောင့် ကွာ”
ထိုနေ့ မှစ၍ မောင်ဆောင်သည် အိမ်တော်ရာ ဘုရားဘက်သို့  မသွားတော့ပေ။
“အဲဒါပဲ ဒကာကြီး၊ ဈေးချိုတောင် က မောင်ဆောင် ကတော့ နတ်မင်းနဲ့ ထပ်တွေ့ မှာစိုးလို့ ၊ နတ်မင်း
နဲ့ တွေ့ ရင်နိဗာန်သွားရမှာ စိုးလို့  အိမ်တော်ရာ ဘက် ကို ခြေဦး မလှည့်တော့ ဘူး”
“ဒီတော့ ဒကာကြီး လဲ နိဗာန် ဆုတကယ်လိုချင်ရင် သားမယားနဲ့ စည်းစိမ်တွေစွန့် ပြီးတော့ တောထွက်
ပေတော့”
“ဗန်းမော်ဆရာ တော် ၏ စကားဆုံးသွားသည်။”
မောင်ဆောင်အကြောင်း နာရသော ဒကာကြီးလည်း ရယ်မောကာ မည်သို့ မျှ စကားမဆက်တော့ပေ။

**နေဘုန်းဝေ**

**စာချိုးအကျော် ဗန်းမော်ဆရာတော် ပုံပြင်များ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)