** နယ်သာလန်ကစားသမားများ အပြည့်ထုတ်သုံးမည် **
နယ်သာလန်မီဒီယာများ ဖော်ပြထားသကဲ့သို့ အဓိကကစားသမားအချို့ကွာတားဖိုင်နယ်၌ ထည့်သုံးရန် မသေချာ မဟူသောသတင်းမှာ မမှန်ကြောင်း၊ ဗန်ပါစီ၊ ရောဘင်နှင့် ရှနိုက်ဒါတို့အား ထုတ်သုံးမည်ဖြစ်ကြောင်း နည်းပြ ဘက်ဗန်မာဝစ်က ဇူလိုင် ၁၀ရက်နေ့၌ ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)
** ဘရာဇီးပရိသတ်အတွက် အကောင်းဆုံးကြိုးစားမည် **
ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် နယ်သာလန်နှင့် ဘရာဇီးတို့ပွဲတွင် ဘရာဇီးပရိသတ်အတွက် မိမိတို့အစွမ်းကုန် ကြိုးစားပြီး အကောင်းဆုံးရလဒ်ရယူပေးသွားမည်ဟု တိုက်စစ်မှူးရော်ဘင်ဟိုက ဇူလိုင်လ ၁-ရက်နေ့၌ သတင်း ထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားသည်။ (အင်တာနက်)

** ယုံကြည်မှုအပြည့်ရှိကြောင်း ဂါနာဂိုးသမားဖွင့်ဟ **
ဥရုဂွေးနှင့်ယှဉ်ပြိုင်ရမည့် ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဂိုးမပေးရရေးအတွက် ဂါနာဂိုးပေါက်ကို ကာကွယ်ရန် မိမိယုံကြည်မှုအပြည့်ရှိကြောင်း ဂိုးသမားရစ်ချပ်ကင်းဆန်က ဇူလိုင် ၁-ရက်နေ့၌ သတင်းထောက်များအား ဖွင့်ဟခဲ့သည်။ (အင်တာနက်)
** အီလာနိုခြေချင်းဝတ်ဒဏ်ရာ မသက်သာ **
နယ်သာလန်အသင်းနှင့် ကွာတားဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ရမည့် ဘရာဇီးအသင်းကွင်းလယ်ကစားသမား အီလာနို၏ ခြေချင်းဝတ်ဒဏ်ရာ မသက်သာသဖြင့် ယင်းပွဲစဉ်၌ ပါဝင်နိုင်မည်မဟုတ်တော့ကြောင်း နည်းပြဒွန်ဂါက ဇူလိုင် ၁-ရက်နေ့က ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-အာကာဟိန်း **

No comments:
Post a Comment