ဘောလုံးမင်းသားဘက်ခမ်း၏သား ရိုမီရိုလေးတစ်ယောက် အိမ်နီးချင်းနှင့် ကပ်လျက်ခြံထောင့်တွင် တွင်းတစ်တွင်းထိုင်တူးနေသည်။ သတိထားမိသွားသော အိမ်နီးချင်းက `ဘာတွေလုပ်နေတာလဲသား…´
`သားရဲ့ငှက်ကလေးသေသွားလို့ မြေမြုပ်မလို့လေ´
`သြော်… ကျွတ်ကျွတ် ဒါနဲ့နေပါဦး… ငှက်ကလေးတစ်ကောင် မြေမြုပ်ဖို့ ဒီတွင်းကသိပ်ကြီးမနေဘူးလား´
`မကြီးပါဘူး။ သားငှက်ကိုကိုက်သွားတဲ့ ဦးရဲ့ခွေးကိုလည်း ထည့်မြုပ်ရမှာလေ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment