အပန်းဖြေ အနားယူစခန်းတစ်ခုမှာ…
`အရမ်းကောင်းတဲ့ ရာသီဥတုပဲဗျာ… ကျနော် ရောက်စတုန်းကဆိုရင် လမ်းလျှောက်နိုင်ဖို့ဆိုတာ ဝေလာဝေး၊ ဆံပင်မွေးတောင်မစုံသေးဘူး´ဆိုပြီး ကျန်းကျန်းမာမာ တုတ်တုတ်ခိုင်ခိုင်နဲ့ ယောင်္ကျားပီပီသသရှိတဲ့ လူတစ်ယောက်က အခြားလူတစ်ယောက်ကို ပြောပြနေတယ်။
အပြောခံရတဲ့သူဟာ လာပြောသူကို တစ်ကိုယ်လုံးခြုံကြည့်လိုက်ပြီး `ခင်ဗျား ဒီကိုရောက်တာ ဘယ်လောက်ကြာပြီလဲ´လို့ စူးစမ်းကြည့်လိုက်တယ်။
`မွေးကတည်းကပါ´
** မြဟန်သိန်းမောင် **
(နိုင်ငံတကာ ရယ်စရာများ)
**(နိုင်ငံတကာ ရယ်စရာများ)**

No comments:
Post a Comment