** ဆက်ဆံရေး ကောင်းမွန်ခြင်းသည် ကျန်းမာရေးကို အထောက်အကူပြုနိုင် **
လူမှုဆက်ဆံရေး ကောင်းမွန်ခြင်းသည် ကျန်းမာရေးကို အထောက်အကူပြုစေကြောင်း အမေရိကန် ဆေးသိပ္ပံပညာရှင်များက ပြောကြားသည်။ အားလပ်ချိန်များတွင် မိတ်ဆွေများ၊ သားသမီးများ၊ ဇနီး၊ ခင်ပွန်းတို့နှင့် အေးချမ်းစွာ ပြောဆိုဆွေးနွေးခြင်းများသည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးများကို ကြီးမားစွာ အထောက်အကူပြုစေကြောင်း
၎င်းက ဆက်လက်ပြောကြားသည်။ ကျန်းမာရေးအတွက် ဆေးလိပ်ဖြတ်ခြင်း၊ ကိုယ်အလေးချိန်လျှော့ချခြင်းတို့ထက် မိမိပတ်ဝန်းကျင်ရှိ လူများနှင့် ပျော်ရွှင်ချမ်းမြေ့စွာ ဆက်ဆံနေထိုင်ခြင်းက ကျန်းမာရေးအတွက် ပိုမို အကျိုးရှိစေကြောင်း ၄င်းတို့၏ သုတေသနပြုချက်၌ ဖော်ပြထားသည်။ အမျိုးသား အမျိုးသမီး ၃၀၈၀၀၀ တို့အား သုတေသနပြုမှု (၁၄၈)ကြိမ် ပြုလုပ်ခဲ့ရာ ကျန်းမာရေးကောင်းမွန်သူ ၅၀-ရာခိုင်နှုန်းမှာ ဆက်ဆံရေး ကောင်းမွန်သူများဖြစ်ကြောင်း တွေ့ရှိရသည်ဟု သုတေသနပြုချက်၌ ဖော်ပြထားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-ကိုသစ္စာ **
** Public Health **

No comments:
Post a Comment