ပေကျင်း - ဇူလိုင် - ၂၃ ရက်
တရုတ် နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်တွင် လေဆိပ်ဘတ်စ်ကားမီးရှို့ မှုဖြင့်ဇူလိုင် ၂၁ရက်
ကလူတဦးကို ရဲတပ်ဖွဲ့ ကဖမ်းဆီးလိုက်ကြောင်း ဒေသဆိုင်ရာရဲဌာနမှ ဇူလိုင် ၂၂ ရက်တွင်ပြော
ကြားသည်။ဘတ်စ်ကား မီးလောင်မှုတွင် အနည်းဆုံး လူ ၂ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန်
ဒဏ်ရာရကာ ၁၁ ဦးမှာ ဒဏ်ရာအနည်းငယ်စီသာရရှိခဲ့သည်။၎င်းသည် ချန်ရှာမြို့ တော်မှဟမ်း
ဟူ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အသွားတွင် မီးရှို့ ခဲ့ခြင်းဖြစ်ပြီး ၄င်းအား ဇူလိုင်၂၂ရက်နေ့ 
ကဖမ်းဆီးခဲ့သည်။ (အင်တာနက်)
**အိုင်တီဖွံ့ ဖြိုးရေး ဒေါ်လာဘီလီယံကျော် ရုရှားသုံးစွဲ မည်**
ရုရှား နိုင်ငံတွင် အိုင်တီ နည်းပညာများ ဖွံ့ ဖြိုးလာစေရေးအတွက် ရုရှားအစိုးရက အမေရိကန်
ဒေါ်လာ၃ ဒသမ ၃ ဘီလီယံ ကို ရင်းနှီးမြှုပ်နှံသုံးစွဲသွားမည် ဖြစ်ကြောင်း ဇူလိုင် ၂၃ရက်နေ့ ၌
သတင်းထုတ်ပြန်သည်။(အင်တာနက်)
**ဖိလစ်ပိုင် တောင်ပိုင်း၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား**
ဖိလစ်ပိုင် နိုင်ငံတောင်ပိုင်း မင်ဒါနာရို မြို့  ရဲစခန်းအနီး၌ ဇူလိုင်လ ၂၃ရက် နံနက်က ဗုံးပေါက်
ကွဲ ရာ အရပ်သား ၇ ဦးဒဏ်ရာရရှိကြောင်း၊ ဗုံးပေါက်ကွဲမှု နှင့်ပတ်သက်ပြီး စုံစမ်းလျက်ရှိ
ကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့  ကပြောကြားသည်။(အင်တာနက်)
**ကမ္ဘာ့ဈေးကွက် ၌ ရွှေဈေးနှုန်းအနည်းငယ်တက်**
ကမ္ဘာ့ဈေးကွက်တွင် ရွှေဈေးနှုန်းများ အနည်းငယ်တက်လျက်ရှိရာ တရုပ်နိုင်ငံ ဟောင်ကောင်
ဈေးကွက်၌ ရွှေ တအောင်စလျှင် အမေရိကန်ဒေါ်လာ ၁၁၉၄ ဒသမ ၂၃ ဒေါ်လာအထိအနည်း
ငယ်တက်ခဲ့ကြောင်း တရုတ်အရာရှိများကဇူလိုင် ၂၃ ရက်နေ့ ၌သတင်းထုတ်ပြန်သည်။(အင်တာနက်)
**စုစည်း ဘာသာပြန် … မောင်ချစ်ကြည်**
**ဘတ်စ်ကား မီးရှို့ သူ ဖမ်းဆီးခံရ**

No comments:
Post a Comment