** မုန်လာဥတွင်ပါသော နိုက်ထရိတ်ဓာတ် သွေးတိုးခြင်းကို ကျဆင်းစေနိုင်ဟုဆို **
(နယူးယောက်၊ ဇွန်လ ၂၉-ရက်)
မုန်လာဥတွင်ပါဝင်သော နိုက်ထရိတ်ဓာတ်သည် သွေးတိုးခြင်းကို ကျဆင်းစေနိုင်ကြောင်း သုတေသီများက ပြောကြားသည်။ မုန်လာဥကို ဟင်းချက်၍ စားသုံးသည်ဖြစ်စေ၊ နိုက်ထရိတ်ဆေးပြားများ သောက်သုံး သည်ဖြစ်စေ သွေးတိုးကျစေနိုင်ကြောင်း အမေရိကန်နှလုံးနှင့် သွေးကြောဆိုင်ရာ ဆေးဂျာနယ်၌ ဖော်ပြသည်။
နိုက်ထရိတ်ဓာတ်သည် ဟင်းသီးဟင်းရွက်တို့တွင် အများဆုံးပါဝင်တတ်သည်။ မုန်လာဥတွင် နိုက်ထရိတ်ဓာတ်များ ပါဝင်နေသဖြင့် နှလုံးနှင်ဆိုင်သောရောဂါများ ကုသရာ၌ ပိုမိုထိရောက်စွာ ကုသနိုင်လိမ့်မည်ဟု သုတေသီများက မျှော်လင့်ထားသည်။ ကမ္ဘာပေါ်တွင် အရွယ်ရောက်သူ ၂၅-ရာခိုင်နှုန်းမှာ နှလုံးနှင့် ဆိုင်သော ရောဂါများ ဖြစ်ပွားလျက်ရှိသည်။ ၂၀၂၅ ခုနှစ်အရောက်တွင် ထို့ထက်ပိုလာနိုင်သည်ဟု ဆိုသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- ကောင်မြတ်သူ **
** Public Health **

No comments:
Post a Comment