ကျွန်ုပ်တို့ ချစ်စွာသော ရဲဘော်
ဗိသုကာ ဦးကျော်မင်း
သေခြင်းစကား ကွေကွင်းစကားနဲ့
သုသာန်လားရ ရှာချေပြီ။
သူ့အုပ်ဂူကို
မည်သူ ပြုလုပ်ပါမည်နည်း။
ဆရာမြသန်းတင့်၊ ရွှေကျားပျံ ဦးစိန်တင့်
ဝတ်လုံဒေါ်မြင့်မြင့်ခင် စတဲ့
ချစ်ခင်သူတို့ နေထိုင်ရာ
အိမ်ဂေဟာကို
သာယာအောင် သူဖန်တီးခဲ့သည်။
ဆရာကြီးမှိုင်းနှင့် တိုင်းပြည်ရဲ့ အချစ်ပန်း
ဗိုလ်ချုပ်အောင်ဆန်းဇနီး ဒေါ်ခင်ကြည်တို့ရဲ့
အာဇာနည် အုတ်ဂူများကို
သူမတူဥာဏ်နှင့် စီခြယ်၍
အောက်မေ့ဘွယ် သူဆောက်လုပ်ခဲ့သည်။
အမှန်တရားကို ချစ်တတ်
လွတ်လပ်မှုကို မြတ်နိုးတတ်တဲ့
သူ့ စိတ်ဓာတ်ကို တည်ဆောက်
ပြောင်မြောက်တဲ့ နေခြင်းနဲ့
သေမင်းကို ရင်ဆိုင်ကာ
ကျောက်တိုင် ဖြူဖြူ ထူဘိသကဲ့သို့
ပညာရှင်အလံ လွှင့်ထူခဲ့ပြီ။
မိမိတကိုယ်စာ
ချမ်းသာလိုမှု အာရုံမပြု
လူထု၏ အကျိုးတော်ကို
မျှော်ကိုးကာ ဆောင်ရွက်ခဲ့တဲ့
အနဂ အဖိုးတန်
ပညာရှင်ဆိုတဲ့ စံကို
မှန်ကန်စွာ လမ်းညွှန်ပြခဲ့သည်။
သူ့စိတ်ဓာတ် ဖြူဖြူသည်
သူ၏ အမွန်မြတ်ဆုံး ပုဂိုလ်တည်း…။ ။
** တင်မိုး **
(၄၊ ဇူလိုင်၊ ၁၉၉၉၊ တနင်္ဂနွေနေ့ နံနက်ခင်း)
`မှိုင်း´ အုတ်ဂူကို ဖန်တီးလုပ်ခဲ့တဲ့
ကျွန်ုပ်တို့ ချစ်စွာသော ရဲဘော်
ဗိသုကာ ဦးကျော်မင်း
သေခြင်းစကား ကွေကွင်းစကားနဲ့
သုသာန်လားရ ရှာချေပြီ။
သူ့အုပ်ဂူကို
မည်သူ ပြုလုပ်ပါမည်နည်း။
ဆရာမြသန်းတင့်၊ ရွှေကျားပျံ ဦးစိန်တင့်
ဝတ်လုံဒေါ်မြင့်မြင့်ခင် စတဲ့
ချစ်ခင်သူတို့ နေထိုင်ရာ
အိမ်ဂေဟာကို
သာယာအောင် သူဖန်တီးခဲ့သည်။
ဆရာကြီးမှိုင်းနှင့် တိုင်းပြည်ရဲ့ အချစ်ပန်း
ဗိုလ်ချုပ်အောင်ဆန်းဇနီး ဒေါ်ခင်ကြည်တို့ရဲ့
အာဇာနည် အုတ်ဂူများကို
သူမတူဥာဏ်နှင့် စီခြယ်၍
အောက်မေ့ဘွယ် သူဆောက်လုပ်ခဲ့သည်။
အမှန်တရားကို ချစ်တတ်
လွတ်လပ်မှုကို မြတ်နိုးတတ်တဲ့
သူ့ စိတ်ဓာတ်ကို တည်ဆောက်
ပြောင်မြောက်တဲ့ နေခြင်းနဲ့
သေမင်းကို ရင်ဆိုင်ကာ
ကျောက်တိုင် ဖြူဖြူ ထူဘိသကဲ့သို့
ပညာရှင်အလံ လွှင့်ထူခဲ့ပြီ။
မိမိတကိုယ်စာ
ချမ်းသာလိုမှု အာရုံမပြု
လူထု၏ အကျိုးတော်ကို
မျှော်ကိုးကာ ဆောင်ရွက်ခဲ့တဲ့
အနဂ အဖိုးတန်
ပညာရှင်ဆိုတဲ့ စံကို
မှန်ကန်စွာ လမ်းညွှန်ပြခဲ့သည်။
သူ့စိတ်ဓာတ် ဖြူဖြူသည်
သူ၏ အမွန်မြတ်ဆုံး ပုဂိုလ်တည်း…။ ။
** တင်မိုး **
(၄၊ ဇူလိုင်၊ ၁၉၉၉၊ တနင်္ဂနွေနေ့ နံနက်ခင်း)


No comments:
Post a Comment