မန်ယူအသင်းမှ အရက်ကြိုက်သော ဖာဒီနန်မှာ အားလပ်ရက်တိုင်း အိမ်သို့ မူး၍ပြန်လာတတ်ပြီး ရေချိုးခန်းထဲဝင်ကာ အန်ချလေ့ရှိသူ ဖြစ်သည်။ သို့ဖြစ်ရာ မိန်းမဖြစ်သူက
“ရှင် ဒီလိုအမြဲလုပ်နေ၊ တစ်နေ့ ရှင့်ဗိုက်ထဲကအူတွေပါ အန်ထွက်လာလိမ့်မယ်”ဟု သတိပေးလေသည်။ တစ်နေ့တော့ ဖာဒီနန်ကို ပညာပေးချင်နေသည့် ဇနီးဖြစ်သူက ဈေးမှ ကြက်အူများဝယ်လာပြီး သူအန်လေ့ရှိသော အိမ်သာခွက်ထဲသို့ ထည့်ထားလိုက်သည်။
မကြာမီ ဖာဒီနန်မူးပြီးပြန်လာကာ ရေချိုးခန်းအတွင်းဝင်အန်လေတော့သည်။ ပြန်ထွက်လာသောအခါ “မိန်းမရေ မင်းပြောတာမှန်တယ်ကွ၊ ငါအန်တာ အူတွေတောင်ထွက်ကျလာတယ်။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ ရေအိမ်သုံးတဲ့တုတ်နဲ့ ငါပြန်ထိုးထည့်လိုက်ပါပြီ”ဟု ပြုံးရင်းပြောလိုက်လေ၏။
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း) ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment