(တီဟီရန်၊ သြဂုတ်လ ၂၃-ရက်)
အီရန်နိုင်ငံ၏ တက်ကြွသော ကာကွယ်ရေးလုပ်ငန်းက နိုင်ငံပေါင်း ၅၀-ကျော်သို့ လက်နက်များ ဖြန့်ဖြူးရောင်းချနိုင်စွမ်းရှိကြောင်း အီရန်ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် အာမက်ဗာဟီဒီက ထုတ်ဖော်ပြောကြားလိုက်သည်။ (အင်တာနက်)
** အီရန်ဒုံးပျဲကာကွယ်ရေးစနစ် လက်ဘနွန်ရရှိမည် **
အီရန်နိုင်ငံက လက်ဘနွန်နိုင်ငံသို့ ဒုံးပျံကာကွယ်ရေးစနစ် ဖြန့်ဖြူးမည်ဖြစ်ကြောင်း လက်ဘနွန်သတင်းဌာနက သြဂုတ်လ ၂၂-ရက်နေ့တွင် ကြေညာသည်။ (အင်တာနက်)
** ဆက်ဆံရေးထိခိုက်စေသည့် သမ္မတ၏အမိန့် **
အာဖဂန်နစ္စတန်နိုင်ငံအတွင်း လောလောဆယ်တွင် ၀န်ထမ်း ၃၀၀၀၀-ဖြင့် လည်ပတ်နေသည့် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ ၅၀-ကျော်ရှိရာ ၄င်းတို့၏ လုပ်ငန်းများကို လေးလအတွင်းရပ်ဆိုင်းရန် အာဖဂန်နစ္စတန်သမ္မတ ဟာမစ်ကာဇိုင်းက အမိန့်ထုတ်ပြန်လိုက်သည်။ ထိုအမိန့်ကြောင့် အမေရိကန်နှင့် အာဖဂန်နစ္စတန်တို့၏ ဆက်ဆံရေး ထိခိုက်စေသည်ဟု ဆင်ဟွာသတင်း၌ ဖော်ပြပါရှိသည်။ (အင်တာနက်)
** မြောက်ကိုရီးယား လေတပ်နှင့် ရေတပ် ကယ်ဆယ်ရေး၌ ပါဝင် **
မြောက်ကိုရီးယားနိုင်ငံ အနောက်မြောက်ပိုင်း၌ ကြုံတွေ့ရသည့် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် မြောက်ကိုရီးယား (ဒီပီအာရ်ကေ)လေတပ်နှင့် ရေတပ်က အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်ကြောင်း ကေစီအင်န်အေ သတင်းဌာနက သြဂုတ်လ ၂၃-ရက်နေ့က ကြေညာသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** ကမ္ဘာပေါ်ရှိ နိုင်ငံ ၅၀-ကျော်အတွက် လက်နက်များ တင်ပို့ရောင်းချနိုင်ဟု အီရန်ကြေညာ **

No comments:
Post a Comment