ဒုက္ခသည်တယောက်က
သူ့အမိနိုင်ငံတော်မြေပုံကို
စူးငေး ကြည့်နေသလိုမျိုး။
(၂)
နိုက်ကလပ်တွေ၊ ရွာပျက်တွေ
တမင်တကာ မလုံ့တလုံတွေ၊ ခြေပြတ်လက်ပြတ်တွေ
ဟမ်ဘာဂါတွေ၊ ဆန်လုပွဲတွေ
သီရိသုဓမ္မသိ င်္ဂီတွေ၊ Licence to Rape တွေ။
ကျနော်တို့ အိမ်တွေရဲ့ တံစက်မြိတ်များ
စစ်ကားတွေ တုံ့ကနဲ ထိုးရပ်လိုက်တာ
သွေးဆူဆွတဲ့ ဖျော်ဖြေရေးတွေ
အလေနတော ရေပုပ်စီးကြောင်းကြီးများ
ဆင်ခြေဖုံးတကာရဲ့ ညစာ
ညကြီးစုံးစုံးချုပ်မှ အလုပ်ကပြန်လာရတဲ့ နှမငယ်တွေ။
(၃)
လူထုအရေးတော်ပုံကြီးတွေ တသီကြီးရှိခဲ့
ရှိတိုင်းလဲ အောင်ပွဲခံခဲ့တဲ့မြေ… မှာ
`ထု´နဲ့ `တစု´တို့တိုက်ပွဲ
သဲကြီး မဲကြီးထဲ
ဇွဲကြီးကြီးနဲ့ အမယ်အိုတယောက်
(သပိတ်မှောက်ကျောင်းသူ မ အမာ)
(၄)
ကြဲ ကွဲ နေတာတွေ စုစည်း
စုစည်းမိရင် ကျစ်လစ်
ကျစ်လစ်မှုမှ `အား´ဖြစ်စေ
(အမေ လူထုဒေါ်အမာ)
(၅)
ကျဆင်းနေတာတွေ တန့်စေ
တန့်နေရင် တွန်းတင်
`၈၇´နှစ် ခွန်အားနဲ့ လုပ်ရပ်
`ထိုးစစ်စိတ်ဓာတ်´နဲ့ လမ်းပြ
ဒီလို `အမွေ´မှ ပေးချင်ခဲ့သူ…။
**ထက်မိုး**
(ကိုထက်မိုး၏ ပြန်ကျမိုးများ)
(၁)
ဒုက္ခသည်တယောက်က
သူ့အမိနိုင်ငံတော်မြေပုံကို
စူးငေး ကြည့်နေသလိုမျိုး။
(၂)
နိုက်ကလပ်တွေ၊ ရွာပျက်တွေ
တမင်တကာ မလုံ့တလုံတွေ၊ ခြေပြတ်လက်ပြတ်တွေ
ဟမ်ဘာဂါတွေ၊ ဆန်လုပွဲတွေ
သီရိသုဓမ္မသိ င်္ဂီတွေ၊ Licence to Rape တွေ။
ကျနော်တို့ အိမ်တွေရဲ့ တံစက်မြိတ်များ
စစ်ကားတွေ တုံ့ကနဲ ထိုးရပ်လိုက်တာ
သွေးဆူဆွတဲ့ ဖျော်ဖြေရေးတွေ
အလေနတော ရေပုပ်စီးကြောင်းကြီးများ
ဆင်ခြေဖုံးတကာရဲ့ ညစာ
ညကြီးစုံးစုံးချုပ်မှ အလုပ်ကပြန်လာရတဲ့ နှမငယ်တွေ။
(၃)
လူထုအရေးတော်ပုံကြီးတွေ တသီကြီးရှိခဲ့
ရှိတိုင်းလဲ အောင်ပွဲခံခဲ့တဲ့မြေ… မှာ
`ထု´နဲ့ `တစု´တို့တိုက်ပွဲ
သဲကြီး မဲကြီးထဲ
ဇွဲကြီးကြီးနဲ့ အမယ်အိုတယောက်
(သပိတ်မှောက်ကျောင်းသူ မ အမာ)
(၄)
ကြဲ ကွဲ နေတာတွေ စုစည်း
စုစည်းမိရင် ကျစ်လစ်
ကျစ်လစ်မှုမှ `အား´ဖြစ်စေ
(အမေ လူထုဒေါ်အမာ)
(၅)
ကျဆင်းနေတာတွေ တန့်စေ
တန့်နေရင် တွန်းတင်
`၈၇´နှစ် ခွန်အားနဲ့ လုပ်ရပ်
`ထိုးစစ်စိတ်ဓာတ်´နဲ့ လမ်းပြ
ဒီလို `အမွေ´မှ ပေးချင်ခဲ့သူ…။
**ထက်မိုး**
(ကိုထက်မိုး၏ ပြန်ကျမိုးများ)
No comments:
Post a Comment