ရဲစခန်းတစ်ခုထဲ၌ဖြစ်သည်။ စားသောက်ဆိုင်တစ်ဆိုင်ထဲ၌ ရန်ဖြစ်လာသော လူနှစ်ယောက်အား တာဝန်ရှိသူမှ စစ်မေးနေသည်။
`တရားခံ မောင်မြ၊ ခင်ဗျားဟာ တရားလို မောင်မောင်ရဲ့ ခေါင်းကို ဘီယာခွက်နဲ့ ထုလိုက်တဲ့အချိန်မှာ ခင်ဗျားမူးနေတယ်ဆိုတာ သက်သေထူနိုင်မလား´ဟု မေးလိုက်ရာ တရားခံမောင်မြက ပြန်ဖြေကြားလိုက်သည်မှာကား…
`ရှင်းနေတာပဲ။ ကျနော်သာ မူးမနေဘူးဆိုရင် သူ့ခေါင်းကို ခွက်အလွတ်နဲ့ပဲ ထုလိုက်မှာပေါ့၊ ဘီယာကို ဘယ်အဆုံးရှုံးခံပါ့မလဲ၊ အရင်သောက်လိုက်မှာပေါ့´ဟူ၏။
** စိန်ငှက်ရိုး **
(အရက်သမားလောကဟာသများမှ)
**(အရက်သမားလောကဟာသများ)**

No comments:
Post a Comment