၉၀ ဖေဖော်ဝါရီ ၂၂ ရဲ့
သင်္ချိုင်းမြေမှာ
မီးခိုးဖြူတွေလွင့်ပါး
တစတစ မှုန်ဝါး
အမေ- ထွက်ခွာသွားပြီ။
(၂)
၅၂ နှစ်
အချစ်နဲ့ ဒေါသတရား
တ၀မ်းတခါးနဲ့ မာန
လမ်းဘေးဈေးသည်မရဲ့ ဈာပန
ဘယ်သူမျက်ရည်ကျရဲပါသလဲ။
**ပေးဝေရင်းနှီး တဲ့
သမီး ၃၊ သား ၃
လူတလုံး သူတလုံး
အမေရယ် အတွေးမှဆုံးသွားရှာရဲ့လား။
**`မနုဿတ္တ ဒုလ္လဘ´တဲ့
ရခဲလှသတဲ့ လူ့ဘဝ
ဗုဒ္ဓဒေသနာ
ဝါ၀င်၊ ၀ါထွက် အိပ်မက်
အမေ တပ်မက်ရဲပါဦးမလား။
လူသားတယောက်ရဲ့ ဘ၀ခရီး
ပြီးစလွယ်နိုင်လွန်းစွာ
သံသရာတောမီးမှာ
ထီးမပါ၊ ဖိနပ်မပါ
ညောင်ပင်ကြီးလဲမပါ၊ ညောင်စေ့လဲမပါ
အားနာနာနဲ့ ဆုတောင်း
အမေလဲ ကောင်းရာသုဂတိလားပါစေ။
(၃)
အမေ့ဈာပန
သံတိုင်တွေကြားက ၅ ည သား
အတွေးနဲ့ ပို့သ
တဘ၀စာ
ဒဏ်ရာရခဲ့သူ။
**ထက်မိုး**
(၂၂ ဖေဖော်ဝါရီလ ၁၉၉၂ ရက်နေ့တွင် ကွယ်လွန်သွားသော မိခင်အားရည်စူး၍ ထောင်ထဲတွင် ရေးသားသော ကဗျာ)
(ကိုထက်မိုး၏ ပြန်ကျမိုးများ)
(၁)
၉၀ ဖေဖော်ဝါရီ ၂၂ ရဲ့
သင်္ချိုင်းမြေမှာ
မီးခိုးဖြူတွေလွင့်ပါး
တစတစ မှုန်ဝါး
အမေ- ထွက်ခွာသွားပြီ။
(၂)
၅၂ နှစ်
အချစ်နဲ့ ဒေါသတရား
တ၀မ်းတခါးနဲ့ မာန
လမ်းဘေးဈေးသည်မရဲ့ ဈာပန
ဘယ်သူမျက်ရည်ကျရဲပါသလဲ။
**ပေးဝေရင်းနှီး တဲ့
သမီး ၃၊ သား ၃
လူတလုံး သူတလုံး
အမေရယ် အတွေးမှဆုံးသွားရှာရဲ့လား။
**`မနုဿတ္တ ဒုလ္လဘ´တဲ့
ရခဲလှသတဲ့ လူ့ဘဝ
ဗုဒ္ဓဒေသနာ
ဝါ၀င်၊ ၀ါထွက် အိပ်မက်
အမေ တပ်မက်ရဲပါဦးမလား။
လူသားတယောက်ရဲ့ ဘ၀ခရီး
ပြီးစလွယ်နိုင်လွန်းစွာ
သံသရာတောမီးမှာ
ထီးမပါ၊ ဖိနပ်မပါ
ညောင်ပင်ကြီးလဲမပါ၊ ညောင်စေ့လဲမပါ
အားနာနာနဲ့ ဆုတောင်း
အမေလဲ ကောင်းရာသုဂတိလားပါစေ။
(၃)
အမေ့ဈာပန
သံတိုင်တွေကြားက ၅ ည သား
အတွေးနဲ့ ပို့သ
တဘ၀စာ
ဒဏ်ရာရခဲ့သူ။
**ထက်မိုး**
(၂၂ ဖေဖော်ဝါရီလ ၁၉၉၂ ရက်နေ့တွင် ကွယ်လွန်သွားသော မိခင်အားရည်စူး၍ ထောင်ထဲတွင် ရေးသားသော ကဗျာ)
(ကိုထက်မိုး၏ ပြန်ကျမိုးများ)
No comments:
Post a Comment