လူတစ်ယောက်ဟာ အလွန်တစ်ရာ သေးငယ်တဲ့ ရှုးဖိနပ်တစ်ရံကိုစီးပြီး ထော့ကျိုး၊ ထော့ကျိုးနဲ့ လမ်းလျှောက်နေတယ်။ တွေ့ကြသူအများက မတော်တရော်ဖိနပ်ကို ဘာဖြစ်လို့ အနာခံစီးနေတာလဲလို့ မေးကြတယ်။
`ကျုပ်လုပ်ငန်းတွေ အရှုံးပေါ်တယ်ဗျာ၊ မိန်းမကလဲ အိမ်ပေါ်က ဆင်းသွားပြီဗျာ၊ ကျုပ်သား လုပ်စာကလဲ စားဖို့ ပဲရတာ´
`အဲဒါတွေနဲ့ ခင်ဗျား ရှုးဖိနပ် ဘာဆိုင်လို့လဲ´
အဲဒီလူက ထပ်မံရှင်းပြတယ်။
`ဆိုင်ပါသော်ကောဗျာ၊ ကျနော် နေ့တိုင်းလိုလို စိတ်ညစ်နေရပါတယ်။ သက်သာရာရတဲ့ အချိန်ဆိုလို့ အိမ်ကိုပြန်ရောက်ပြီး ရှုးဖိနပ်ချွတ်လိုက်တဲ့ အချိန်ကလေး ဖြစ်ပါတယ်။´
** မြဟန်သိန်းမောင် **
(နိုင်ငံတကာ ရယ်စရာများ)
**(နိုင်ငံတကာ ရယ်စရာ များ)**

No comments:
Post a Comment