ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, August 5, 2010

သြဂုတ်လအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ…

> ** ကမ္ဘာ့အသေးငယ်ဆုံး ရေငုပ်သင်္ဘော တီထွင်ထုတ်လုပ် **
ကနေဒါနိုင်ငံသား ပီအီရီပေါလင်းအမည်ရှိ အမျိုးသား တစ်ဦးက ကမ္ဘာပေါ်တွင် အသေးငယ်ဆုံး ရေငုပ်သင်္ဘောလေးတစ်စင်းကို မကြာမီကတီထွင်ထုတ်လုပ်လိုက်သည်။ အဆိုပါရေငုပ်သင်္ဘောလေး၏ အလေးချိန်မှာ ၁၃၆၆ ဒသမ ၉ ပေါင်လေးသည်။ မောင်းနှင်သူတစ်ဦးတည်းသာ စီးနင်းနိုင်ပြီး ရေအောက်၌ မောင်းနှင်စဉ် ကြိုတင်အချက်ပေးစနစ်များ တပ်ဆင်ထားသည်ဖြစ်ရာ လုံခြုံမှုရှိကြောင်း သိရသည်။ (အင်တာနက်)

** ပါကစ္စတန်၌ လူသုံးသန်းကျော် ရေဘေးကြုံတွေ့ **
(အစ္စလမ္မာဘတ်၊ သြဂုတ်လ ၃-ရက်)
ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်းတွင် ရေလွှမ်းမှုဖြစ်ပွားလျက်ရှိရာ ရေဘေးဒုက္ခကြုံတွေ့နေရသူ ဦးရေမှာ သုံးသန်းကျော်ရှိပြီး သေဆုံးသူဦးရေမှာ ၁၄၀၀-ကျော်ရှိလာပြီဖြစ်ကြောင်း ပါကစ္စတန်အရာရှိများက သြဂုတ်လ ၃-ရက်နေ့၌ ပြောကြားသည်။ (ဆင်ဟွာ)

** ပနားမားသင်္ဘော ဆိုမာလီဓားပြများ ပြန်ပေးဆွဲ **
(ဆိုမာလီ၊ သြဂုတ်လ ၃-ရက်)
သင်္ဘောသား ၂၃-ဦးလိုက်ပါလာသည့် ပနားမားအလံလွှင့်ထူထားသော အမ်ဗွီစူးအက်ကုန်တင်သင်္ဘောတစ်စင်းကို သြဂုတ်လ ၂-ရက်နေ့က ဆိုမာလီယာ ပင်လယ်ဓားပြများက ပြန်ပေးဆွဲသွားကြောင်း ဥရောပသမဂ္ဂ ရေကြောင်းတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)

** ပီရူးတွင်အအေးလှိုင်းကျရောက် **
(လီမာ၊ သြဂုတ်လ ၃-ရက်)
ပီရူးနိုင်ငံအလယ်ပိုင်း ပင်လယ်ကမ်းခြေဒေသများနှင့် တောတောင်ထူထပ်သော ဒေသများတွင် သြဂုတ်လ ၁-ရက်နေ့မှစ၍ အအေးလှိုင်းကျရောက်ခဲ့ကြောင်း ပီရူးအမျိုးသား မိုးလေ၀သဌာနက သတင်းထုတ်ပြန်သည်။ (ဆင်ဟွာ)

** ဂျော်ဂျီယာ၌ တောမီးလောင် **
ဂျော်ဂျီယာနိုင်ငံ အလယ်ပိုင်းတွင် သြဂုတ်လ ၃-ရက်နေ့က တောမီးများ လောင်ကျွမ်းလျက်ရှိရာ သစ်တောဟက်တာ ၁၅၀-ခန့် မီးလောင်ကျွမ်းခံရကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများ စုပေါင်းပြီး မီးငြှိမ်းသတ်လျက်ရှိကြောင်း ဂျော်ဂျီယာအရာရှိများက ပြောကြားသည်။ (အင်တာနက်)

** တရုတ်ဈေးကွက်၌ ရွှေဈေးနှုန်း အနည်းငယ်မြင့်တက် **
ကမ္ဘာ့ဈေးကွက်တွင် ရွှေဈေးနှုန်းများ ကျဆင်းလျက်ရှိရာ တရုတ်ဈေးကွက်၌ သြဂုတ်လ ၃-ရက်နေ့က ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၁၈၄ ဒသမ ၀၁ အထိ အနည်းငယ်မြင့် တက်လာကြောင်း တရုတ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)

** ရုရှား၌ ဂျက်လေယာဉ်ပျက်ကျ၊ ၁၅-ဦးသေဆုံး **
ရုရှားနိုင်ငံ ကရက်နိုယက်စ်မြို့မှ အိုင်ဂါကာမြို့သို့ သြဂုတ်လ ၃-ရက်နေ့ နံနက်က ပျံသန်းလာသော ဂျက်လေယာဉ်တစ်စင်း မတော်တဆဖြစ်ရပ်ကြောင့် ပျက်ကျခဲ့ရာ လေယာဥင်္ပေါ်လိုက်ပါလာသူ ၁၅-ဦး သေဆုံးခဲ့ကြောင်း ရုရှားအရာရှိများက ပြောကြားသည်။ (အင်တာနက်)

** လော့စ်အိန်ဂျလိစ်မြို့အနီး လေယာဉ်ငယ် ထပ်
မံပျက်ကျ **
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့အနီး အိုရန်ဂီအရပ်၌ သြဂုတ်လ ၃-ရက်နေ့ နံနက်က လေယာဉ်မှူး အပါအ၀င် လူငါးဦးလိုက်ပါလာသော လေယာဉ်တစ်စင်း ထပ်မံပျက်ကျခဲ့ရာ တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန်အရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)

** ပထမဆုံး ရေငုပ်သင်္ဘောသစ် တူရကီလက်ခံရရှိ **
ဂျာမနီနိုင်ငံလုပ် ရေငုပ်သင်္ဘောတစ်စင်းကို တူရကီနိုင်ငံက သြဂုတ်လ ၃-ရက်နေ့တွင် လက်ခံရရှိခဲ့ကြောင်း ယင်းရေငုပ်သင်္ဘောသည် တူရကီနိုင်ငံ၏ ပထမဆုံး ရေငုပ်သင်္ဘောသစ်တစ်စင်းဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)

** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **

** ကမ္ဘာ့အသေးငယ်ဆုံး ရေငုပ်သင်္ဘော တီထွင်ထုတ်လုပ် **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)