ကျနော်သည် တစ်ခုသော ကျောင်းပိတ်ရက်တွင် တောမှ ဘုရားဖူးလာသော ဘကြီးကို ရွှေတိဂုံဘုရားသို့လိုက်ပို့ရာ ဘကြီးသည် ဓာတ်လှေကားနားရောက်သော် `ဒါဘာကြီးလဲ´ဟု မေးရာ ကျနော်က ဓာတ်လှေကားဖြစ်ကြောင်း ရှင်းပြလိုက်၏။
ဘကြီးသည် ဓာတ်လှေကားကို သဘောကျ၍ ခပ်လှမ်းလှမ်းမှ ကြည့်နေခိုက်တွင် ဆံပင်ဖြူသွားကျိုးနေသော အဘွားအိုတစ်ယောက် ဓာတ်လှေကားတွင်းသို့ ၀င်သွားသည်ကိုဘကြီးနှင့် ကျနော် လှမ်းမြင်လိုက်ရ၏။
ခဏကြာသော် ဓာတ်လှေကားအဆင်းတွင် နုနယ်၍ ငယ်ရွယ်လှပသော မိန်းမပျိုတစ်ဦး ဓာတ်လှေကားတွင်းမှ ထွက်လာသည်ကို
ဘကြီးမြင်လိုက်ရသော် အံ့သြနေသော အမူအရာနှင့် ကျနော်ကို လှမ်း၍ ပြောလိုက်သည်မှာ…
`မင်းတို့မြို့မှာ ဒီလိုဓာတ်လှေကားမျိုး ရှိမှန်းမသိလို့ကွာ၊ ဒီလိုရှိမှန်းသိရင် ရွာက အဘွားကြီးပါ ဓာတ်လှေကား စီးဖို့ ခေါ်လာခဲ့ပါတယ်ကွာ´ဟူ၏။
** ခံစားတင်ပြသူ - လူဇော် (ဘန်ကောက်) **
**(ဟာဒယနှလုံး- တခဏပြုံး)**

No comments:
Post a Comment