ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, August 7, 2010

သြဂုတ်လအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ

> ** နယ်သာလန် အမျိုးသမီးငယ် ရွက်လှေဖြင့် ကမ္ဘာပတ်ရန် စတင်ထွက်ခွာ **
(လစ္စဘွန်း၊ သြဂုတ်လ ၅-ရက်)
ကမ္ဘာကျု ဆိုလိုရွက်လှေဖြင့် ပတ်နိုင်သည့် အသက်အငယ်ဆုံး လူသားတစ်ဦးဖြစ်လာစေရန် မျှော်လင့်ချက်နှင့် နယ်သာလန် အမျိုးသမီးငယ်တစ်ဦးသည် ရွက်လှေခရီးစဉ်စတင်မည့် ပေါ်တူဂီနိုင်ငံသို့ သြဂုတ်လ ၄-ရက်နေ့ ထွက်ခွာသွားသည်။ လော်ရာဒက်ကာအမည်ရှိ အဆိုပါ အမျိုးသမီးငယ်မှာ အသက် ၁၄-နှစ်မျှသာ ရှိသေးသည်။ ၄င်းသည် လွန်ခဲ့သော သီတင်းပတ်က နယ်သာလန် တရားရုံးတစ်ရုံးက ထိုသို့ ကမ္ဘာ့ပတ်ခွင့်ကို သဘောတူညီမှုရရှိထားသည်။ သူမသည် ကမ္ဘာကိုပတ်မိရန် အရှည် ၂၆ ပေရှိ ရွက်လှေအတွင်း နှစ်နှစ်ခန့်ကြာ လှည့်လည်သွားလာမည်ဖြစ်ကြောင်း၊ ၂၀၁၀ ခုနှစ် စက်တင်ဘာ ၁၇-ရက်နေ့တွင် ရွက်လှေဖြင့် ကမ္ဘာကိုပတ်မိစေရန် စီစဉ်ထားကြောင်း သူမ၏ ဖခင်ဖြစ်သူ ဒစ်ဒက်ကာက သတင်းထောက်များအား နယ်သာလန်နိုင်ငံ ဒန်အောဆီပင်လယ်ဆိပ်ကမ်းမှ မထွက်ခွာမီ သြဂုတ်လ ၄-ရက်နေ့က ပြောကြားသည်။ လော်ရာဒက်ကာသည် ရွက်လှေဖြင့် ကမ္ဘာ့ပတ်ပြီးချိန်တွင် သြစတြေးလျနိုင်ငံမှ အသက် ၁၆-နှစ်ရှိ ဂျက်ဆီကာဝက်ဆင် မေလက ရွက်လှေဖြင့် ကမ္ဘာ့တ်ခြင်းစံချိန်ကိုချိုးကာ အသက်အငယ်ဆုံး ကမ္ဘာ့ပတ်သူဖြစ်လာမည်ဟု ဆိုသည်။ (အင်တာနက်)

** ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်ရန် ကျူးဘား၌ ဂေါက်ကွင်း ၁၆ ကွင်းတည်ဆောက်မည် **
(ဟာဗားနား၊ သြဂုတ်လ ၅-ရက်)
ကမ္ဘာလှည့်ခရီးသွားများ ပိုမိုလာရောက်စေရေးဆွဲဆောင်မှုတစ်ရပ်အဖြစ် ကျူးဘားနိုင်ငံတွင် ဂေါက်ကွင်း ၁၆-ကွင်းကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျူးဘားခရီးသွားလုပ်ငန်းဝန်ကြီး မင်နူရယ်မာရီရိုက သြဂုတ်လ ၄-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)

** ဘလက်ဘာရီဖုန်းများ သုံးစွဲမှု ပင်လယ်ကွေ့နိုင်ငံအချို့၌ ပိတ်ပင် **
(ရီယာဒ့်၊ သြဂုတ်လ ၅-ရက်)
ဆော်ဒီအာရေဗျနိုင်ငံတစ်ဝန်း ဘလက်ဘာရီလက်ကိုင်ဖုန်းများ အသုံးပြုမှုကို သြဂုတ်လ ၆-ရက်မှစပြီး ပိတ်ပင်သွားရန် ဆော်ဒီအာရေဗျ ဆက်သွယ်ရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က တယ်လီဖုန်းလုပ်ငန်းအသီးသီးသို့ တိုက်တွန်းဆော်သြလိုက်သည်။ (အင်တာနက်)

** တူရကီသင်္ဘောသားများ ဓားပြလက်မှ ပြန်လွတ်လာ **
အိန္ဒိယနိုင်ငံ ကမ်းလွန်တွင် ပြီးခဲ့သည့် မတ်လက ဆိုမာလီပင်လယ်ဓားပြများ အပိုင်စီးသွားခဲ့သည့် သင်္ဘောမှ တူရကီသင်္ဘောသား ၂၁-ဦးသည် ၁၂၈ ရက်ကြာ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရာမှ သြဂုတ်လ ၅-ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း တူရကီအရာရှိများက ပြောကြားသည်။ (အင်တာနက်)

** ဖိလစ်ပိုင်မြောက်ပိုင်း၌ လေယာဉ်ငယ်တစ်စင်းပျက်ကျ **
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း ဘာကွီရိုစီတီးမြို့ရှိ လိုရာကန်လေဆိပ်၌ သြဂုတ်လ ၅-ရက်နေ့ နံနက်က လေ့ကျင့်ရေးလေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ကြောင်း လေယာဉ်ပေါ်ပါရှိသူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း လေဆိပ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)

** အလာစကာကမ်းလွန်၌ ငလျင်လှုပ် **
အမေရိကန်နိုင်ငံ အလာစကာပြည်နယ်ကမ်းလွန်တွင် သြဂုတ်လ ၅-ရက်နေ့ နံနက်က ရစ်ခ်ျတာစကေး ၆ ဒသမရှိ ငလျင်လှုပ်ခဲ့ကြောင်း၊ ၄င်းငလျင်လှုပ်မှုကြောင့် အယ်လူတန်ကျွန်းတွင် အဆောက်အအုံများ ယိမ်းထိုးလှုပ်ခါခဲ့သော်လည်း ထိခိုက်ပျက်စီးမှုမရှိကြောင်း အမေရိကန်အရာရှိများက ပြောကြားသည်။ (အင်တာနက်)

** ပါပူဝါနယူးဂီနီကမ်းလွန်၌ ငလျင်လှုပ် **
ပါပူဝါနယူးဂီနီနိုင်ငံ ကမ်းလွန်တွင် သြဂုတ်လ ၅-ရက်နေ့ နံနက်က ရစ်ခ်ျတာစကေး ၆ ဒသမရှိ ငလျင်လှုပ်သွားခဲ့ကြောင်း ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိကြောင်း ပါပူဝါနယူးဂီနီအရာရှိများက ပြောကြားသည်။ (အင်တာနက်)

** ချီကာဂိုလေဆိပ်၌ လေယာဉ်မီးလောင် **
အမေရိကန်နိုင်ငံ ချီကာဂိုလေဆိပ်၌ သြဂုတ်လ ၅-ရက်နေ့ နံနက်ပိုင်းက ခရီးသည် ၁၇၈ ဦးနှင့် လေယာဉ်အမှုထမ်း ၁၂-ဦးတင်ဆောင်လာသည့် ဂျက်လေယာဉ်တစ်စင်းသည် လေဆိပ်သို့အဆင်း၌ ဘရိတ်စနစ်ချွတ်ယွင်းပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ ခရီးသည်များကို ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့သော်လည်း သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း လေဆိပ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)

** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **

** နယ်သာလန် အမျိုးသမီးငယ် ရွက်လှေဖြင့် ကမ္ဘာပတ်ရန် စတင်ထွက်ခွာ **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)