အတောင်ညောင်းတဲ့သူက ညောင်း
အရုပ်ဟောင်းကို ဆေးသစ်လောင်းပြီး မင်သေသေနဲ့
ရောင်းတဲ့ သူကရောင်း
လူကောင်းတွေ တနေ့တခြား
ပိုပို ရှားလာတဲ့ အခုလို ရာသီကြမ်းမှာ
ကိုထက်မိုးရေ…
ကျနော် ခင်ဗျားကို လွမ်းတယ်ဗျာ။
**သံလွင်ကမ်းဘေးမှာ
သဲတွေကို လက်နဲ့ ထိုး ထိုး ဖွ
သားကို ဆေးကုဖို့ ငွေ
ဖေဖေ မရှာနိုင်တော့ဘူး သားရယ် တဲ့
ရင်နဲ့ ဖွဲ့တဲ့ ခင်ဗျားရဲ့ ကဗျာ
အဲဒီ ကဗျာနဲ့ ပဲ
ခင်ဗျား…
စကားတွေ အများကြီး ပြောထားပစ်ခဲ့တယ်။
** ဇွန်မှိုင်း **
(၂၇ ဇွန်လ ၂၀၀၆)
**အရောင်ပြောင်းတဲ့ သူက ပြောင်း
အတောင်ညောင်းတဲ့သူက ညောင်း
အရုပ်ဟောင်းကို ဆေးသစ်လောင်းပြီး မင်သေသေနဲ့
ရောင်းတဲ့ သူကရောင်း
လူကောင်းတွေ တနေ့တခြား
ပိုပို ရှားလာတဲ့ အခုလို ရာသီကြမ်းမှာ
ကိုထက်မိုးရေ…
ကျနော် ခင်ဗျားကို လွမ်းတယ်ဗျာ။
**သံလွင်ကမ်းဘေးမှာ
သဲတွေကို လက်နဲ့ ထိုး ထိုး ဖွ
သားကို ဆေးကုဖို့ ငွေ
ဖေဖေ မရှာနိုင်တော့ဘူး သားရယ် တဲ့
ရင်နဲ့ ဖွဲ့တဲ့ ခင်ဗျားရဲ့ ကဗျာ
အဲဒီ ကဗျာနဲ့ ပဲ
ခင်ဗျား…
စကားတွေ အများကြီး ပြောထားပစ်ခဲ့တယ်။
** ဇွန်မှိုင်း **
(၂၇ ဇွန်လ ၂၀၀၆)
No comments:
Post a Comment