မန်ယူအသင်းသည် ရီးရဲမက်ဒရစ်ကွင်းလယ်ကစားသမား လက်ဆာနာဒီယာရာအား ကမ်းလှမ်းခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။ (အင်တာနက်)
** မာရေး၏ ကမ်းလှမ်းမှု ကာဟေးလ်ငြင်းပယ် **
ဗြိတိသျှ အဆင့် (၁) တင်းနစ်သမား အန်ဒီမာရေးသည် သြစတြေးလျတင်းနစ်နည်းပြ ဒါရင်ကာဟေးလ်အား ၄င်း၏ နည်းပြသစ်အဖြစ် ကမ်းလှမ်းခေါ်ယူသော်လည်း ကာဟေးလ်က ငြင်းပယ်ခဲ့ကြောင်းသိရသည်။ (အင်တာနက်)
** အီဗန်လင့်ဒ် တင်းနစ်ပြန်လည်ကစားမည် **
၁၉၉၄ ခုနှစ်က တင်းနစ်လောကမှ အနားယူပြီး တင်းနစ်မြင်ကွင်းမှ ပျောက်ကွယ်နေသူ ကမ္ဘာ့အဆင့် (၁) တင်းနစ်သမားဟောင်း အီဗန်လင့်ဒ်သည် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပမည့် အေတီပီချန်ပီယံ တိုးတင်းနစ်ပြိုင်ပွဲတွင် ပွဲဦးထွက်ပြန်လည် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ၁၆-နှစ်ကြာ အနားယူခဲ့မှုကို အဆုံးသတ်မည်ဟု ဆိုသည်။ (အင်တာနက်)
** အပြေးချန်ပီယံ ဒိုင်ဂရီနီ ရွှေဆွတ်ခူးရန် ကြိုးပမ်းမည် **
ဥရောပချန်ပီယံရှစ် မီတာ ၄၀၀- တန်းကျော်ပြေးပွဲ ချန်ပီယံ ဝေလပြေးခုန်ပစ်သမားဒိုင်ဂရီနီက လာမည့် ဓနသဟာယပြေးခုန်ပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးရေး ကြိုးပမ်းမည်ဖြစ်ကြောင်း ပြောကြားသည်။ (အင်တာနက်)
** ဟက်တန်၏ သရဖူ ၀စ်တာ မျက်စိကျနေ **
ဒဗလျူဘီစီလိုက်ဝယ်လ်တာဝိတ်ချန်ပီယံဟောင်း ဂျူနီယာဝစ်တာသည် ဥရောပ ၀ယ်လ်တာဝိတ်ချန်ပီယံ မက်သရူးဟက်တန်၏ သရဖူကို မျက်စိကျလျက်ရှိပြီး ဟက်တန်နှင့် ယှဉ်ပြိုင်ထိုးသတ်ပြီး သရဖူယူရန် ပစ်မှတ်ထားလျက်ရှိသည်။ (အင်တာနက်)
** ဒဗလျူဘီအေသရဖူ ဂျူဒက်ခ်ျရယူလို **
အမေရိကန်နိုင်ငံ နယူးယောက်မြို့မှ အသက် ၃၂ နှစ်အရွယ်ရှိ လက်ဝှေ့သမား ဇက်ထ်ဂျူဒက်ခ်ျသည် ဗြိတိသျှလက်ဝှေ့သမား အမီရ်ခန်းနှင့် ယှဉ်ပြိုင်ထိုးသတ်ကာ ခန်း၏ ဒဗလျူဘီအေသရဖူကို ရယူလိုက်ကြောင်း သိရသည်။ (အင်တာနက်)
** ပိုလ်ဆင်အား စာချုပ်ရန် လီဗာပူး ဆွေးနွေးနေ **
လီဗာပူးအသင်းသည် ဂျူဗင်းတပ်စ်အသင်းမှ ကွင်းလယ်ကစားသမား ခရစ္စတီယန်ပိုလ်ဆင်အား စာချုပ်ခေါ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်နေသည်။ (အင်တာနက်)
** အက်ဆူလင်အား ခေါ်ယူရန် မန်စီးတီးအသင့်ရှိနေ **
ဘာစီလိုနာဘောလုံးအသင်းမှ ပြောင်းရွှေ့ကြေးပေါင် ၃၄ သန်းတန် အစ္စရေးဆယ်ကျော်သက် တိုက်စစ်မှူး ဂယ်အက်ဆူလင်သည် အသင်းနှင့် စာချုပ်ချုပ်ဆိုမှုကို ဖျက်သိမ်းပြီးနောက် ၄င်းအား မန်စီးတီးက ခေါ်ယူရန် အသင့်ရှိနေသည်ဟု ဆိုသည်။ (အင်တာနက်)
** ဘာလင်ပြေးခုန်ပစ်၌ ဆီမီညာ ဆင်နွှဲမည် **
ကမ္ဘာ့ပြေးခုန်ပစ် မီတာ ၈၀၀ ချန်ပီယံဖြစ်သည့် တောင်အာဖရိက ပြေးခုန်ပစ်မယ် ကက်စတာဆီမီညာသည် ယခုလနှောင်းပိုင်းတွင် ဂျာမနီနိုင်ငံ ဘာလင်မြို့ အိုလံပစ်အားကစားပြိုင်ကွင်း၌ ကျင်းပမည့် ပြေးခုန်ပစ်ပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း သိရသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-ချစ်စိုးနိုင် **
**ဒီယာရာအား ခေါ်ယူရန် မန်ယူစီစဉ် **

No comments:
Post a Comment