ကမ္ဘာကျော် တိုက်ဂါးဝုဒ်၏ ဇနီးဖြစ်သူ ဂေါက်သီးအားကစားပစ္စည်းအရောင်းဆိုင်သို့ ရောက်ရှိလာသည်။ ဂေါက်တံများ ထားသော နေရာတွင် အချိန်အတန်ကြာ ကြည့်ရှုပြီး စဉ်းစားသည့်ဟန်ပြုလုပ်နေသဖြင့် အရောင်းစာရေးက ရောက်လာပြီးမေးသည်။
`ကျနော်ဘာကူညီရမလဲ ဗျာ´
`သြော်… ကျမယောင်္ကျားအတွက်ပါ။ ဂေါက်တံတစ်ချောင်းလောက်ရွေးပေးပါလား´
`ဟုတ်ကဲ့… ဘယ်လိုတံဆိပ်၊ ဘယ်လိုအရွယ်အစားကို သုံးသလဲဆိုတာ ပြောပြပါလား´
`အို… တံဆိပ်တွေ… အရွယ်အစားတွေက ပြဿနာမရှိပါဘူး။ လူတစ်ယောက်ခေါင်းကိုကွဲအောင် ရိုက်နိုင်ရင်ပြီးတာပါပဲ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- အားကစားဟာသ)**

No comments:
Post a Comment