(သြဂုတ်လ ၇-ရက် ၂၀၁၀) ကမ္ဘောဒီးယားနိုင်ငံကို မိမိတို့၏ နယ်မြေ အချို့ပေးအပ်လိုက်ရခြင်းနှင့် ပတ်သက် ပြီး ၀န်ကြီးချုပ်ဟောင်း တပ်ဆင်ကို ဆန့်ကျင်ခဲ့ကြသော `အ၀ါရောင်ဝတ် ပြည်သူ့ဒီမိုကရေစီအင် အားစု´ (PAD) အဖွဲ့များက ထိုင်းအစိုးရအား ယနေ့ကန့်ကွက်ဆန္ဒပြကြမည်ဖြစ်ကြောင်း သိရသည်။ (RFA)
(သြဂုတ်လ ၆-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ ၂၂-နှစ်မြောက် ရှစ်လေးလုံး အမှတ်တရ ကျောင်းသားလူငယ်များ ဟောပြောပွဲတရပ်ကို ထိုင်း-မြန်မာနယ်စပ် အခြေစိုက် SAW အထက်တန်းကျောင်းတွင် ယနေ့ ကျင်းပကြကြောင်း၊ နယ်စပ်အခြေစိုက် စာရေးဆရာနှင့် သတင်းမီဒီယာတို့မှ လာရောက်ဟောပြောကြကြောင်း သိရသည်။ (မြန်မာပြည်သား)
ဖြစ်ရပ်-၂။ ။ ယမန်နေ့ကတည်းက မြန်မာစစ်တပ်အကြီးအကဲလာရောက်မည်ဟု ဆိုကာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် အစီအစဉ်ရှိခြင်းကြောင့် DKBA အလံ(ကရင်အလံ)များကို မလွှင့်ထူရကြောင်း၊ အလံချထားရကြောင်း၊ မြ၀တီမြို့တွင် ကစထမှူး-ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ရောက်ရှိနေပြီး မြန်မာနှင့် ထိုင်းပြဿနာ ဖြစ်ပွားနေရသော သောင်ရင်းမြစ်ကမ်းနဖူးရှိ ရေကာတာတည်ဆောက်နေမှုကို ၄င်းက စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ (BBC)
ဖြစ်ရပ်- ၃။ ။ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့နယ် ညဈေးအနီးတွင် ယနေ့ည (၈း၃၀)နာရီခန့်၌ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ကြောင်း၊ ယခုပေါက်ကွဲမှုဖြစ်ပွားရာ ညဈေးသည် လူစည်ကားသောနေရာဖြစ်ခြင်းကြောင့် လူအသေအပျောက်ရှိခဲ့ကြောင်း၊ မြန်မာစစ်တပ်မှ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ရောက်ရှိနေခြင်းနှင့်လည်း တိုက်ဆိုင်နေကြောင်း သိရသည်။ (VOA)
(သြဂုတ်လ ၅-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရှိ အာဖဂန်လူမျိုး အသက် ၂၅-နှစ်နှင့် ၄၀-နှစ်ကြား ၆-ဦးတို့သည် ယခုရက်ပိုင်းအတွင်း ၄င်းတို့အား ထိန်းသိမ်းထားသော (လ၀က)အကျဉ်းစခန်းမှ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။ (RFA)
မြန်မာစစ်တပ်မှ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်မောင်ရှိန်တို့ စီးနင်းလိုက်ပါလသော မော်တော်ယာဉ်အား မြ၀တီ-ကော့ကရိတ် (တောင်သုံးလုံး) လမ်းခရီးတနေရာ၌ လက်နက်ကိုင်တပ်ဖွဲ့အချို့က ချုံခိုတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ကစထမှူးနှင့်အဖွဲ့သည် DKBA တပ်ဖွဲ့များနှင့် KNU မှ ခွဲထွက်အဖွဲ့များအား နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရေးကိစ္စဖြင့် လာရောက်ခြင်းဖြစ်ကြောင်း၊ ယခုအခါတွင်မူ ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်နှင့် အဖွဲ့သည် မြ၀တီသို့ ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။ (BBC)
ဖြစ်ရပ်-၂။ ။ ထိုင်း-တရုတ်နယ်စပ်ရှိ လူမှောင်ခိုကူးဂိုဏ်းကို တရုတ်နိုင်ငံ ကွမ်ရှီပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း လူမှောင်ခိုဂိုဏ်းမှ ရောင်းစားရန်ရှိသည့် အမျိုးသမီးငယ် (၂၂)ဦးကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ ကွမ်ရှီပြည်နယ်ရဲတပ်ဖွဲ့က ပြောဆိုသည်။ (RFA)
ဖြစ်ရပ်-၃။ ။ ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာစစ်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အကြားတိုက်ပွဲများကြောင့် ဒဏ်ရာရရှိထားသော ဆင်များကို ထိုင်းနိုင်ငံမြောက်ပိုင်း လန်းပန်းမြို့ အခြေစိုက် နယ်စည်းမခြားတိရစ္ဆာန်စောင့်ရှောက်သော ဆရာဝန်များအဖွဲ့က ကုသပေးမည်ဖြစ်ကြောင်း ယခုဆင်မနှင့်ဆိုပါလျှင် ဒဏ်ရာရရှိသော ဆင်ကောင်ရေ (၁၃)ကောင်ရှိသွားပြီဖြစ်ကြောင်း သိရသည်။ (BBC)

No comments:
Post a Comment