(လန်ဒန်၊ သြဂုတ်လ ၈-ရက်)
အင်္ဂလန်နည်းပြ ကာပယ်လိုသည် ဟန်ဂေရီအသင်းနှင့် သြဂုတ်လ ၁၁-ရက်နေ့တွင် ၀င်ဘလေကွင်း၌ ယှဉ်ပြိုင်ကစားမည့် ချစ်ကြည်ရေးပွဲအတွက် အင်္ဂလန်လူငယ်ကစားသမားများနှင့် ကစားရန် ရွေးချယ်ထားသည်။ အာဆင်နယ်မှ အဂစ်နှင့် ဂျက်ဝီရှဲရီ၊ မန်စီးတီးမှ မီကက်ရစ်ချတ်ဒ်၊ ဆန်းဒါးလန်းမှ လီကက်တာမို၊ အာဆင်နယ်မှ ဝေါလ်ကော့၊ မန်စီးတီးမှ အဒမ်ဂျွန်ဆင်တို့ အဓိက ပါဝင်ကစားမည်ဖြစ်ကြောင်း သိရသည်။ (အင်တာနက်)
** ဂျာဗီယာဟာနန်ဒက် မန်ယူပွဲထွက် ကစားသမားဖြစ်လာမည် **
(လန်ဒန်၊ သြဂုတ်လ ၈-ရက်)
ဂျာဗီယာဟာနန်ဒက်သည် ယခုနှစ် ပရီးမီးယားလိဂ်ရာသီတွင် တိုက်စစ်မှူး ရွန်နေနှင့်အတူ ပွဲထွက်ကစားရလိမ့်မည်ဖြစ်ကြောင်း နည်းပြဖာဂူဆန်က ပြောကြားသည်။ ထို့အပြင် ဟာနန်ဒက်သည် ဘာဘာတော့ဗ်၊ မိုက်ကယ်အိုဝင်၊ မာချေဒါတို့ကဲ့သို့ ပထမပွဲထွက် ကစားသမားဖြစ်လာမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။ (အင်တာနက်)
** ကွင်းလယ်ကစားသမား မီလ်နာ မန်စီးတီးသို့ ပြောင်းရွှေ့မည် **
(လန်ဒန်၊ သြဂုတ်လ ၈-ရက်)
အက်စတွန်ဗီလာအသင်း၏ အမာခံကစားသမား ဂျိမ်းစ်မီလ်နာသည် မန်စီးတီးသို့ မကြာမီ ပြောင်းရွှေ့လိမ့်မည်ဖြစ်ကြောင်း နည်းပြမာတင်အိုနေးလ်က ပြောကြားသည်။ ကွင်းလယ်ကစားသမား မီလ်နာအား မန်စီးတီးက နွေရာသီတစ်နွေရာသီလုံး ခေါ်ယူရန် ကြိုးစားခဲ့သည်။ မန်စီးတီးက ပေါင်သန်း ၂၀-ပေးခေါ်ယူရန် ကြိုးစားမှုကို ဗီလာက ပယ်ချခဲ့သည်။ သို့သော် ပြောင်းရွှေ့ကြေး ညှိနှိုင်းသဘောတူညီမှုရခဲ့လျှင် မကြာမီ မန်စီးတီးသို့ ပြောင်းရွှေ့ခွင့်ပြုမည်ဟု ဆိုသည်။ (အင်တာနက်)
** မီခေးလ်အာတီတာ အဲဗာတန်နှင့် လေးနှစ်စာချုပ် **
(လန်ဒန်၊ သြဂုတ်လ ၈-ရက်)
အဲဗာတန်အသင်းနှင့် ကွင်းလယ်ကစားသမား မီခေးလ်အာတီတာသည် လေးနှစ် စာချုပ်သစ် ချုပ်ဆိုလိုက်သည်။ စပိန်ကစားသမား အာတီတာသည် အာဆင်နယ်သို့ ပြောင်းရွှေ့လိမ့်မည်ဟု ထင်ကြေးပေးနေမှုမှာ ယင်းစာချုပ်အပြီးအဆုံးသတ်သွားသည်။ ၄င်းသည် အဲဗာတန်၌ တင်ကာဟေးလ်၊ လိခ်ျတန်ဘိန်းစ်၊ ဂျက်ရိ့ဝဲနှင့် ကိုးလ်မန်းတို့ကဲ့သို့ အဲဗာတန်၏ အဓိကကစားသမား ဖြစ်လာသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မြင့်မောင်စိုး **
** အင်္ဂလန်ဘောလုံးအသင်း မျိုးဆက်သစ်များ ပွဲထုတ်မည် **

No comments:
Post a Comment