ရနောင်းမြို့အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာခေါင်းဆောင် နိုင်စနော့က မြန်မာလူမျိုးများ ဆိုင်ကယ်လိုင်စင်
လုပ်ပြီး အငှါးဆွဲနေခြင်းကြောင့်ထိုင်းဆိုင်ကယ်တက္ကစီများအလုပ်လက်မဲ့ဖြစ်နေသဖြင့်စိုးရိမ်ပူပန်ကြောင်း ပြောဆိုလိုက်သည်။
ရနောင်းအခြေစိုက်လူ့အခွင့်အရေးအဖွဲ့ကအနီးရောင်ယာယီပတ်စပို့ ကိုင်ဆောင်ထာသယမန်နေ့ ကမြို့နယ်အာဏာပိုင်
များသို့ အချက်ငါးချက်ပါစာတစ်စောင်အားရေးသားပြီးတောင်းဆိုခဲ့သည်။
(၁)ရွေ့ပြောင်းအလုပ်သမားများအားထုတ်ပေးထားသည့်ယာယီပတ်စပို့ ဖြင့်လျှောက်ထားသည့်လိုင်စင်များ
အား ရုပ်သိမ်းပေးရန်။
(၂)ပတ်စပို့ အနီးအား လိုင်စင်ထုတ်မပေးရေး။
(၃)ထုတ်ပေးထားသည့်လိုင်စင်များအား ပြန်လည်ခေါ်ယူစစ်ဆေးပေးရန်။
(၄)သက်ဆိုင်သည့်အလုပ်သမားများအား အစည်းအဝေးခေါ်ယူ၍ရလဒ်အားတင်ပြပေးရေး။
(၅)စစ်ဆေးရေးအဖွဲ့ များဖွဲ့စည်း၍လိုင်စင်ထုတ်ပေးခြင်းကိစ္စကိုအစအဆုံးသတင်းမီဒီယာများမှဖေါ်ပြပေးရန်။
ရနောင်းမြို့နယ် မြို့ နယ်မှူး နိုင်ဝန်ချဘုံချိုင်ထန ကမြန်မာရွေ့ပြောင်းအလုပ်သမားများအား လိုင်စဉ်ထုတ်
ပေးခြင်းအား ခေတ္တရပ်နားထားရန်ရနောင်းမြို့နယ် ကညန ရုံးများသို့ အမိန့်ထုတ်ပြန်လိုက်သည်။ အကယ်၍လိုင်စဉ်ထုတ်ပေးမည်ဆိုပါက ကုန်းလမ်းသယ်ယူပို့ ဆောင်ရေးဌာနမှ ခွင့်ပြုချက်ပါမှ ၊နိုင်ငံတကာအဆင့်
ပတ်စပို့ များကိုသာတရားဥပဒေအတိုင်းလုပ်ပေးနိုင်မည်ဖြစ်ကြောင်းပြောဆိုသွားသည်။
ကညန ရုံးတွင် မြန်မာအလုပ်သမား၂ဦးသာလိုင်စင်လုပ်ကိုင်ထားသော်လည်း မြန်မာအလုပ်သမားအတော်
များများဆိုင်ကယ်မောင်းနှင်နေကြကြောင်းယနေ့ ထုတ် ခေါင်စွတ် အွန်လိုင်းသတင်းစာတွင်ရေးသားဖေါ်
ပြထားသည်။ ရနောင်းမြို့တွင်မြန်မာများမော်တော်ဆိုင်ကယ်စီးနင်းလာမှုများပြားလာနေခြင်းကြောင့်
ပြီးခဲ့သည့်လကုန်ပိုင်းကဆိုင်ကယ်တက္ကစီမောင်းသူများဆန္ဒပြပွဲဖြစ်ပေါ်ခဲ့သည်။
ယာယီပတ်စပို့ လုပ်ကိုင်ထားသည့်မြန်မာရွေ့ပြောင်းအလုပ်သမားများ၊ယာဉ်မောင်းလိုင်စင်လုပ်ကိုင်ခွင့်၊တစ်နိုင်ငံ
လုံးသွားလာခွင့်နှင့်ထိုင်းအလုပ်သမားများနည်းတူတန်းတူအခွင့်အရေးရရှိစေရမည်ဟုနှစ်နိုင်ငံအစိုးရသဘောတူညီချက်
လက်မှတ်ရေးထိုးထားခဲ့သည်။ ပြီးခဲ့သည့်လက မြ၀တ-ီမဲဆောက် ရေကြောင်းဆိုင်ရာ
ကမ်းပါးမြေပြိုမှုထိမ်သိမ်းမှုပြုလုပ်သည်ကို မြန်မာစစ်အစိုးရက ကန့်ကွက်သည့်အနေဖြင့် ယနေတိုင်အောင်
နယ်စပ်ကိုမြန်မာဘက်မှပိတ်ထားသဖြင့် တစ်နေ့ ကိုထိုင်းဘတ်ငွေသန်းရာချီဆုံးရှုံးနေကြောင်းထိုင်းသတင်း
စားများတွင်ရေးသားထားသည်။ အတည်မပြုနိုင်သေသည့်သတင်းတပုဒ်အလိုအရ ထိုင်းဘက်မှ အဆင့်မြင့်
ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ နယ်စပ်ပြဿနာအားဖြေရှင်းရန် မြန်မာပြည်သို့ သွားရောက်မည့်ခရီးစဉ်ကိုလည်း
မြန်မာဘက်မှ လက်မခံခြင်းကြောင့် ထိုင်းမြန်မာအနေအထားမှာ အသွင်ထူးခြားနေသဖြင့် လေ့လာသူများသတိ
ထားစောင့်ကြည့်နေကြသည်။
**( သြဂုတ် ၂၊ဘာသာပြန် - ကိုတီး -ရခိုင့်တံခွန်ဂျာနယ်)**

No comments:
Post a Comment