တရုတ်နိုင်ငံ စီချွမ်ပြည်နယ် အနောက်တောင်ပိုင်း စီကျန်ဂြိုလ်တု လွှတ်တင်ရေးစခန်းမှနေ၍ သြဂုတ်လ ၁-ရက်နေ့ နံနက် ၅-နာရီခွဲက ဆက်သွယ်ရေး ဂြိုလ်တုအသစ်တစ်လုံး လွှတ်တင်လိုက်ပြီဖြစ်ကြောင်း တရုတ်အရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ပစိဖိတ်ကျွန်းများ ဖိုရမ် ကျင်းပမည် **
(၄၁)ကြိမ်မြောက် ပစိဖိတ်ကျွန်းများ ဖိုရမ်ကို ဗင်နွာတူနိုင်ငံ ပို့ဗီရယ်မြို့၌ သြဂုတ်လ ၃-ရက်နေ့မှ ၆-ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ဗင်နွာတူအရာရှိများက သြဂုတ်လ ၁-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ဖိလစ်ပိုင်၌ လေယာဉ်မှူးလုံလောက်မှုမရှိ **
ဖိလစ်ပိုင်နိုင်ငံ လေကြောင်းလိုင်းများအတွက် လေယာဉ်မှူးများ မလုံလောက်သဖြင့် လေယာဉ်ခရီးစဉ် ၁၁-ခုကို ဖျက်သိမ်းထားရကြောင်း လေကြောင်းခရီးသွားများ အခက်အခဲကြုံတွေရလျက်ရှိကြောင်း ဖိလစ်ပိုင်လေကြောင်းအရာရှိများက သြဂုတ်လ ၁-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ဖိလစ်ပိုင်တောင်ပိုင်း၌ ရေလွှမ်း **
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဘူလာလို၊ ဘာနူဘို၊ ကာတူလီ၊ ကယ်ဆာဒါ၊ လမ်ဘိုနှင့် ဆာလမ်ဘောကျေးရွာများတွင် မိုးသည်းထန်ပြီး ရေလွှမ်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သြဂုတ်လ ၁-ရက်နေ့က သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** မိုင်းတွင်း၌ ပိတ်မိနေသူများအား ကယ်ဆယ် **
တရုတ်နိုင်ငံ အရှေ့မြောင်းပိုင်း ဟေလုံကျန်ပြည်နယ် ကျီစီမြို့အနီး မိုင်းတွင်း၌ သြဂုတ်လ ၁-ရက်နေ့က ရေများစီးဝင်ပြီး မိုင်းလုပ်သားများပိတ်မိနေခဲ့ရာ အုလပ်သမား ၂၁-ဦးကို မိုင်းတွင်းမှ ကယ်ထုတ်နိုင်ခဲ့ကြောင်း သြဂုတ်လ ၁-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ကိုင်ရိုမြို့၌ လေးထပ်အဆောက်အအုံပြိုကျ **
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မြောက်ပိုင်းတွင် သြဂုတ်လ ၁-ရက်နေ့က လူနေ လေးထပ်အဆောက်အအုံ ရုတ်တရက်ပြိုကျခဲ့ရာ သုံးဦးသေဆုံးပြီး အချို့ဒဏ်ရာရရှိခဲ့ကြောင်း ကိုင်ရိုမြို့ရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
** ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်းတန့်နေ **
ကမ္ဘာ့ဈေးကွက်တွင် ရွှေဈေးနှုန်းများ တန့်လျက်ရှိရာ အမေရိကန်နိုင်ငံ နယူးယောက်မြို့နှင့် ချီကာဂိုမြို့ဈေးကွက်များ၌ သြဂုတ်လ ၁-ရက်နေ့က ရွှေတစ်အောင်စလျှင် ၁၁၈၃ ဒသမ ၉ ဒေါ်လာရှိနေကြောင်း အမေရိကန်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** အဲဘတ်စ်အေ- ၃၂၀ လေယာဉ် အမှာစာများပြား **
အဲဘတ်စ်အေ- ၃၂၀ ခရီးသည်တင်လေယာဉ်များ ၀ယ်လိုအားမြင့်တက်လျက်ရှိရာ နိုင်ငံတကာက လေကြောင်းလိုင်းများအတွက် ၂၀၁၂ ခုနှစ်၌ လေယာဉ်အစင်းရေ ၄၀ ထုတ်လုပ်ပေးရန် အမှာစာများလက်ခံရရှိကြောင်း အဲဘတ်စ်အေ-၃၂၀ ကုမ္ပဏီက သြဂုတ်လ ၁-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** တရုတ်နိုင်ငံကဆက်သွယ်ရေး ဂြိုလ်တုအသစ်တစ်လုံး လွှတ်တင်**

No comments:
Post a Comment