ခေါ်တာတော့ ခေါ်နေတာပါပဲ။ အဲ- ခေါ်တဲ့အတိုင်း `ဘန်ကောက်မှာ လုပ်ရမယ်´ဆိုပြီး ဘန်ကောက်ပြည်နယ် ဧရိ ယာထဲမှာ အလုပ်မလုပ်ရတာကလွဲလို့ ပေါ့လေ။ ဟုတ်ကဲ့… မဟာချိုင်(ခေါ်)ဆမွတ်ဆာခွန်ခရိုင်ထဲ ရောက် သူရောက်၊ ထိုင်း-လာအိုနယ်စပ်ဖြစ်တဲ့ ခေါန်ကန်န်မြို့ဆီကိုရောက်သူရောက်၊ ထိုင်း-မလေးရှား နယ်စပ်ဖြစ်တဲ့ ဟတ် ယိုင်မြို့ဆီ ရောက်သူရောက်၊ ဒီထက်ဆိုးတာက စက်ရုံအလုပ်ရုံ အလုပ်ခေါ်သလိုလိုနဲ့ ထိုင်းတောင်ပိုင်း ရနောင်း ခရိုင်၊ ဖန်ငခရိုင်၊ နာရာသီဝပ်ခရိုင်၊ ဆောင်ခလာခရိုင်တွေထဲက `တံငါလှေ´ တွေဆီကို ရောင်းစား ခြင်းခံရတာပါပဲ။
`ဘန်ကောက်အလုပ်ဆိုပြီး အထင်ကြီးကြသူတွေ သတိကြီးကြီးရော၊ သတိဟဲဗီးကြီးရော၊ သတိစူပါဟဲဗီးကြီးရော ထားကြပေရော့။ ယုတ္တိရှိရှိနဲ့ `နေထိုင်ခွင့် လက်မှတ်ရှိရင် ရပြီ´ ၊ `ဘာလက်မှတ်မှ မလိုဘူး၊ လူပဲလိုတယ်´ `ဘာမှပေးစရာမလိုဘူး။ ဟိုရောက်ရင်အားလုံး အိုကေပြီ´စသဖြင့် မစားရ ၀ခမန်း ပြောလိုက်ကြ၊ ကြော်ငြာလိုက်ကြတာဗျာ။ အရင်းမဲ့တွေ (၀ါ) လုပ်အားကလွဲလို့ ဘာအရင်းအနှီးမှ မရှိကြသူတွေဆိုတော့ `ဘန်ကောက်´ဆိုပြီး ခေါ်တဲ့အလုပ်က ဟိုရောက်တော့ ပုဇွန်ခေါင်းချိုးဖြစ်ဖြစ်၊ တံငါသည်လောက် နီးနီးဖြစ်ဖြစ်၊ ငါးစိမ်းသည်လောက် နီးနီးဖြစ်ဖြစ် လုပ်လိုလုပ်ရ၊ တံငါလှေလိုက်လိုလိုက်ရ၊ `အထည်ချုပ်ရမယ်၊ သိုးမွှေးစက်ဆွဲရမယ်´ဆိုပြီး နာနတ်သီးခွဲလိုခွဲရ၊ ပြောင်းဖူးသန့်စင်လိုသန့်စင်ရ၊ ငှက်ပျောသီးတွေနဲ့ အုန်းသီးတွေခြစ်ရ၊ သန့်စင်ရနဲ့ ဒီကခေါ်တာ တခြား၊ ဟိုရောက်လို့ လုပ်ရတာတခြားတွေလည်း ခပ်များများခင်ဗျ´။ ဘာပဲဖြစ်ဖြစ် မဲဆောက်မြို့က အလုပ်ကြော်ငြာတွေကတော့ စိတ်ဝင်စားစရာအလွန်ကောင်းနေပါတယ်။ မဲဆောက်မြို့ဧရိယာထဲမှာပဲ ခေါ်တဲ့ အလုပ်တွေကတော့ `ခေါ်တဲ့ခေါင်းစဉ်နဲ့ ဆီလျော်တာ´များပါတယ်။ မဲဆောက်ဧရိယာထဲမှာလည်း ထိုင်းအလုပ်သမားဥပဒေကို မျက်ကွယ်ပြုနေကြတဲ့ လုပ်ငန်းရှင်အမျိုးမျိုးနဲ့ အစိုးရကို အခွန်မပေးပဲ ရဲကြေး၊ လ၀ကကြေး ပေးပြီး ခိုးလုပ်နေကြတဲ့ ခိုးရုံ(ခေါ်)အိမ်ရုံတွေက တနေ့တခြား တိုးများလာကြတာတွေ့ရတယ်။ ဟုတ်ကဲ့… ကျနော်တို့ မြန်မာပြည်မှာက အလုပ်အကိုင်ရှားပါးပြီး ငတ်မွတ်ခေါင်းပါးကြ၊ ဆင်းရဲမွဲတေပြီး ထမင်းမ၀ကြတော့ကာ….။
သတင်းမှတ်တမ်း- မြန်မာပြည်သား

No comments:
Post a Comment