ထိုင်း-မြန်မာနယ်စပ် ဖြစ်သော မဲဆောက်မြို့၏ အရှေ့ တောင် ဖက်ခြမ်း မယ်တောင်မိုင်ကျေးရွာ ပါတ်ဝန်းကျင်တစ် ၀ိုက် တွင် စက်ရုံ၊ ရုံကြီး၊ ရုံသေး စုပေါင်းရေတွက်ကြည့်လိုက်လျှင် ဆယ်ရုံကျော်ကျော် ရှိပြီး တောတောင် ဒေသနဲ့လည်း နီးစပ်တာမို့ တောင်သူလယ်သမား လုပ်ငန်းရှင်များလည်း ပေါများလေ၏။
ကျွန်ုပ်တို့ တိုင်းရင်းသား ရွှေပြောင်းအလုပ်သမားများသည် စားဝတ်နေရေးအတွက် ရေကြည်ရာ မြက်နုရာ စီးပွားရှာကြရာ မယ်တောင်မိုင် တစ်ခွင်မှာတင် လူဦးရေ ထောင်ပေါင်းများစွာ ရှိခဲ့လေ၏။ ၄င်းတို့ ရင်သွေးငယ် များနှင့်တကွ ရွှေ့ပြောင်းအလုပ်သမားများ လိုအပ်သော ကျမ္မာရေး၊ ပညာရေး၊ နာရေးကိစ္စတွေ အပါအ၀င် အ ကြောင်းကိစ္စ တစ်စုံတစ်ရာ အခက်အခဲရှိတယ်ဆိုင်လည်း နီးစပ်ရာလူမှု အသင်းအဖွဲ့က တနိုင်တပိုင် ၀ိုင်းဝန်း ကူညီ ဆောင်ရွက်ပေးကြပါသည်။

ရွှေ့ပြောင်း အလုပ်သမားတွေ အသိပညာ အတတ်ပညာများနဲ့ အထွေထွေ ဗဟုသုတများ တိုးပွားရေးကို ရှေ့ရှု၍ မက်(ပ်)ဖောင်ဒေးရှင်း အသင်းအဖွဲ့မှ အလင်းတန်း စာကြည့်တိုက်ကြီး တစ်ဆောင်ကိုလည်း ဆောက်လုပ်ဖွင့်လှစ်ပေးထားပါတယ်။ ရွှေ့ပြောင်းအလုပ်သမားများ လူတိုင်းကိုယ်ဆီ ၀ပ်ပါမစ်မရှိကြသော်လည်း မယ်တောင်ပိုင်တခွင်မှာတော့ ပြဿနာ သိပ်မရှိပါ။ ဧည့်စာရင်းတိုင် နေထိုင် လုပ်ကိုင် စားသောက်ခွင့်ကို ဇူလိုင်လဆန်းပိုင်းက မယ်တောင်မိုင် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံမှာ ယာယီရုံးဖွင့်ပြီး တပါတ်ခန့် လက္ခံ ဆောင်ရွက် ပြုလုပ်ပေးခဲ့ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ စိုးရိမ်ထိတ်လန့်နေရတာတခုကတော့ လူ့ယက်မှု ကိစ္စပါပဲ။ လူ့ယက်မှုတွေ ခေတ်စားလာတာကတော့ သင်္ကြန်တွင်းကာလက စခဲ့တာပါ။ သင်္ကြန်ကာလမှာ ယ္ခုချိန်ထိကို လူ့ယက်မှု အကြိမ်ရေပေါင်း ၂၀-ကျော် ဖြစ်ပွားခဲ့တယ်လို့ ကြားသိရပါတယ်။ ထို့လူ့ယက်သူတွေဟာ မယ်တောင်မိုင် ရွာသားများ မဟုတ်ကြဘဲ တခြားရွာကနေ နံပါတ်ပြားမပါသော ဆိုင်ကယ်ကိုစီး၍ လူချေပြတ်သော နေယာတွေမှာ စောင့်နေပြီး ကြုံတဲ့လူကို ပါတာအကုန်လူ့ယူချင်းပဲဖြစ်တယ်။ ရွာခံ ကလေးတွေကတော့ တခါတယံ သောက်စား မူးယစ်တဲ့အခါ ကြုံတဲ့ လူဆီက တစ်ဆယ်တောင်း နှစ်ဆယ်တောင်း၊ တောင်းမရတဲ့အခါ ပြဿနာရှာ ရိုက်ပုတ် ထိုးကြိတ်တာမျိုး တခါတယံ ရှိတတ်ပါတယ်။ ၂၅-ရက်နေ့ ညနေပိုင်းက C.N.S စက်ရုံက လူငယ်လေးတွေ စက်ရုံမိသားစုများ စုပေါင်းပြီး ၀ါဆိုသင်္ကန်းကပ် အလှူအတန်းပြုလုပ်ဖို့ အိုးခွက် ပုဂံများ သွားငှါးကြရာ အလင်းတန်း စာကြည့်တိုက် အနီးရောက်တော့ ရွာခံလူငယ်နှစ်ဦး အရက်မူးပြီး ပိုက်ဆံ နှစ်ဆယ် အတင်းလိုက်တောင်းပါတယ်။ စက်ရုံက ကလေးတွေက ပိုက်ဆံပါမလာကြောင်း ပြောပြတော့ မျက်နှာကို လက်သီးနဲ့ ထိုးတယ်။ အထိုးခံရသူဘက်က လူအင်အား အများကြီးရှိသော်လည်း လက်တံ့ု ပြန်ခြင်း မပြုပဲ သိခံပြီး တာဝန်ရှိသူများကို တိုင်ကြားခဲ့ပါတယ်။ ဤကဲ့သို့ တောင်းရမ်း လုယက်မှုတွေကိုတော့ ယာတောမြေ လုပ်သားတွေဟာ ကြောက်လန့်နေရပါတယ်။ လယ်တော ယာတောထဲမှာ နေ့ရက်များစွာ အလုပ်လုပ် ဆေးမှီးတိုများနဲ့ စားသောက်ရိက္ခာစသော ထွေရာလေးပါး ပစ္စည်းများ ၀ယ်ချမ်းစရာ ရှိတယ်ဆိုရင်တော့ မယ်တောင်မိုင်မှာ တက်ဝယ်ကြရပါတယ်။ အဲဒီအခါမှာ လုယက်ခြင်းခံလိုက်ရရင်တော့ ဘာတခုမှ မ၀ယ်နိုင်ပဲ မျက်ရည်လေး ကလည်ကလည်နဲ့  ပြန်သွားကြရပါတယ်။ လုယက်တွေဟာ တခါတရံ ကာကီရောင်ဝတ်စုံ တခါတရံ နက်ပြာရောင်၊ တခါတရံ ပြောက်ကြားဝတ်စုံနဲ့လို့ ကြားသိရပါတယ်။ သေချာတာကတော့ နံပါတ်ပြား မတတ်ထားတဲ့ ဆိုင်ကယ်ကို အသုံးပြုတယ်ဆိုတာပါပဲ။ သက်ဆိုင်ရာ အာဏာပိုင်များကို ဘာသာစကား ကျွမ်းကျင်သူမှတဆင့် တိုင်ကြားပါသော်လဲ လက်ပူးလက်ကြပ်ဖမ်းလို့ မိမှ အရေးယူလို့ ရမယ်လို့ ဖြေကြားပါတယ်။
ဒီတော့ ကျွန်ုပ်တို့ တိုင်းရင်းသား ရွှေ့ပြောင်း ညီအကို မောင်နှမများကို နိုးဆော်အသိပေးချင်တာက လက်သည်းဆိတ်ရင် လက်ထိပ်နာပါ။ အရေးကြီးရင် သွေး စ ည်း ကြပါ၊ တိုင်းရင်းသားချင်း စိတ်ထားကြည်ဖြူ ဖေးမကူညီနိုင်ကြပါစေ။
**ကံသာဦး (ယာတောမြေ)**

No comments:
Post a Comment