ချဲလ်ဆီးအသင်းနှင့် ပေါ်တူဂီလက်ရွေးစင်အသင်းမှ အသက် ၃၂-နှစ်ရှိ ဗဟိုခံစစ်မှူး ကာဗယ်ဟိုအား ရီးရဲမက်ဒရစ်နည်းပြ ဂျို့စ်မော်ရင်ဟိုက စာချုပ်ခေါ်ယူလိုကြောင်း သိရသည်။ (အင်တာနက်)
** ဆွာဇိုအား ကမ်းလှမ်းခေါ်ယူရန် ၀ီဂန်ပြင်ဆင် **
ဝီဂန်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ချီလီအသင်း တိုက်စစ်မှူးဖြစ်သူ အသက် ၂၉-နှစ်အရွယ်ရှိ ဟမ်ဘာတိုဆွာဇိုအား အသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်ခုနှစ်သန်းဖြင့် ကမ်းလှမ်းခေါ်ယူရန် ပြင်ဆင်နေကြောင်း၊ မွန်တာရေးအသင်းတွင် ကစားနေသော ၄င်းအား ဘာမင်ဂမ်နှင့် ဆန်းဒါးလန်းတို့ကလည်း ခေါ်ယူရန် မျက်စိကျနေကြောင်း သိရသည်။ (အင်တာနက်)
** မာချက်တီအား အာဆင်နယ်စာချုပ်ရေးနီးစပ် **
အာဆင်နယ်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အီတလီအသင်းနှင့်အတူ တောင်အာဖရိက ကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွှဲခဲ့သော ဂိုးသမားဖီဒီရီကိုမာချက်တီအား စာချုပ်ခေါ်ယူရေး နီးစပ်နေပြီဖြစ်ကြောင်း ၄င်းသည် စီးရီးအေအသင်း ကာဂလီယာရီတွင် ကစားနေသူဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင်ငါးသန်းဝန်းကျင် ပေးရဖွယ်ရှိကြောင်း အင်တာနက်သတင်း၌ ဖော်ပြသည်။ (အင်တာနက်)
** ဂါရီဒိုအား လာဇီယိုခေါ်ယူရေး နီးစပ် **
မန်စီးတီးအသင်းမှ အသက် ၂၅-နှစ်အရွယ်ရှိ ဘယ်ခံစစ်မှူး ဂျာဗီယာဂါရီဒိုအား စီးရီးအေအသင်း လာဇီယိုက ပေါင်နှစ်သန်းခွဲဖြင့် စာချုပ်ခေါ်ယူရေး နီးစပ်နေပြီဖြစ်ကြောင်း အင်တာနက်သတင်း၌ ဖော်ပြသည်။ (အင်တာနက်)
** ရာမီရက်စ်အား ချဲလ်ဆီးက စာချုပ်ဖွယ် **
ချဲလ်ဆီးအသင်းသည် ဘင်ဖီကာကွင်းလယ်ကစားသမား ရာမီရက်စ်အား ပေါင် ၁၇-သန်းဖြင့် စာချုပ်ခေါ်ယူရန် စီစဉ်လျက်ရှိသည်။ (အင်တာနက်)
** ပီထရို့ဗ်အား ခေါ်ယူရန် ရွိုင်ဟော့ဂ်ဆန်ပြင်ဆင် **
ယခုသီတင်းပတ်စောစောပိုင်းက လီဗာပူးအသင်းမှ အာဂျင်တီးနားကွင်းလယ်ကစားသမား မာရှေယာနိုက အသင်းမှ ထွက်ခွာလိုသည်ဟု ဖွင့်ဟပြောကြားခဲ့ကြောင်း ထို့ကြောင့် ၄င်းနေရာတွင် အစားထိုးရန် လီဗာပူးနည်းပြ ရွိုင်ဟော့ဂ်ဆန်က အက်စ်တွန်ဗီလာအသင်းမှ အသက် ၃၀-နှစ်အရွယ်ရှိ ဘူလ်ဂေးရီးယားကွင်းလယ်ကစားသမား စတီလီယန်ပီထရို့ဗ်အား ပေါင် ခုနှစ်သန်းဖြင့် ကမ်းလှမ်းခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။ (အင်တာနက်)
** ပွဲထွက်မည့် စပါးအသင်းတွင် ၀ုဒ်ဂိတ်မပါဝင် **
စပါးနည်းပြ ဟာရီရက်နက်က ပေါင်ခြံဒဏ်ရာရနေသော ဂျိုနသန်ဝုဒ်ဂိတ်အား ယခုလာမည့် ဘောလုံးရာသီပွဲတွင် ၂၅-ဦးအသင်းတွင် ထည့်သွင်းရွေးချယ်ထားခြင်းမရှိကြောင်း ဖွင့်ဟပြောကြားသည်။ (အင်တာနက်)
** မူရက်ကို ကလဲဗားလီး အနိုင်ထိုးသတ်မည်ဟု ဆို **
ဥရောပလိုက်ဟဲဗီးဝိတ်ချန်ပီယံ နသန်ကလဲဗားလီးက လာမည့် စက်တင်ဘာလ ၁၈-ရက်နေ့တွင် ဗြိတိန်နိုင်ငံ ဘာမင်ဂမ်မြို့ အယ်လ်ဂျီ အားကစားခန်းမ၌ ယှဉ်ပြိုင်ထိုးသတ်မည့် ဒဗလျူဘီအို လက်ဝှေ့ပြိုင်ပွဲတွင် ပြိုင်ဘက်လက်ဝှေ့သမား ကာရိုမူရက်အာ အနိုင်ထိုးသတ်မည်ဟု ကတိပြု ပြောကြားလိုက်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- ချစ်စိုးနိုင် **
** ကာဗယ်ဟိုအား မော်ရင်ဟိုခေါ်ယူလို **

No comments:
Post a Comment