ကောလင်းသည်ယောင်္ကျား ဖြစ်သူ မန်ယူအသင်းတိုက်စစ်မှူး ရူနီကို အလွန်တရာသ၀န်တိုတတ်သူဖြစ်သည်။ ကောလင်းနှင့်အတူ ဈေးဝယ်ထွက်ရင်း ရူနီနှင့် လူချင်းကွဲသွားခဲ့ရာ ရူနီကအနီးရှိ မိန်းမငယ်တစ်ဦးကို အကူအညီတောင်းလေသည်။
`ကျနော်ဗျာ... ကျနော့်မိန်းမနဲ့ လူချင်းကွဲသွားလို့ ကျနော်နဲ့ ခဏလောက်စကားပြောပေးနိုင်မလား´
`အို… ပျောက်သွားရင်လိုက်ရှာပေါ့… ဘာကြောင့် ရှင်နဲ့စကားပြောပေးရမှာတုန်း´
`ဒီလိုဗျ… ကျနော့်မိန်းမက ကျနော် တခြားမိန်းကလေးတစ်ယောက် ယောက်နဲ့ စကားပြောပြီဆို ဘယ်ကမှန်းမသိ ရောက် ရောက်လာတတ်လို့လေ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment