ကျမရဲ့ ယောင်္ကျားဖြစ်သူက ဘူမိဗေဒပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာသစ်ပင်ပန်းပင်တွေကိုလည်း အလွန်စိတ်ဝင်စားတတ်သူဖြစ်တယ်။ ရုက္ခဗေဒဥယျာဉ်တွေထဲကို မကြာမကြာလမ်းလျှောက်နေလေ့ ရှိတယ်။
တစ်ရက်မှာ…
ကျမနဲ့အတူ လမ်းလျှောက်နေရင်းက သစ်ပင်တစ်ပင်ကို စူးစိုက်ကြည့်နေတယ်။ နောက်ပြီး…
`မင်းသိသလား၊ ဒီအပင်ဟာ တောင်အာဖရိက ကလာတဲ့ မျိုးမဟုတ်လား´ဆိုပြီး ဥယျာဉ်စောင့်ကို မေးကြည့်တယ်။
`မဟုတ်ပါဘူးခင်ဗျ၊ ဒီမှာရှိတဲ့ အပင်တွေအားလုံး မြူနီစပယ်အဖွဲ့ပိုင် ပျိုးခင်းကလာတဲ့ မျိုးတွေပါ´ လို့ ဥယျာဉ်စောင့်က ပြန်လည်ဖြေကြားလိုက်တယ်။
** မြဟန်သိန်းမောင် **
(နိုင်ငံတကာ ရယ်စ ရာ များ)
**(နိုင်ငံတကာ ရယ်စ ရာ များ)**

No comments:
Post a Comment