ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, August 1, 2010

“သခင်နိုင်ငံတော်” သို့မိတ်ဆက်ခြင်း

> စာအုပ်လေးတအုပ်ပါ။

ဒေါက်တာတင်မောင်သန်း သင့်ဘ၀မဂ္ဂဇင်းမှာ ရေးခဲ့တဲ့ဆောင်းပါးတွေကိုပြန်ပြီး စုစည်းထားတဲ့စာအုပ်ပါ။

ဆရာတင်မောင်သန်းရေးတဲ့စာတွေ ပြန်ဖတ်ချင်တယ်လို့ပြောမိလို့ ဂျပန်ကသူငယ်ချင်းတယောက်က တကူးတကပို့ပေးတဲ့အတွက် ကျနော်ပြန်ဖတ်ခွင့်ရသလို သူငယ်ချင်းတွေကိုလည်း ဖတ်စေချင်လို့မိတ်ဆက်ပေးတာပါ။

မာတိကာပါအကြောင်းအရာတွေကတော့---

* ဆရာတင်မိုး၏အမှာစာ (သခင်ကျင့်ကိုကျင့်ကြပါ သခင်မျိုးဟေ့တို့ဗမာ)
* မောင်သစ်ဆင်း၏အမှာစာ (ဖွတ်ကျားစိတ်ဓာတ်မှသည် သခင်နိုင်ငံတော်သို့)
* တင်မောင်သန်း၏အမှာစာ (သခင်တွေရဲ့နိုင်ငံ)

1. သခင်စိတ်ဓာတ် သခင်အကျင့်
2. ကျွန်ပညာရေးနှင့် သခင်ပညာရေး
3. ဆယ်နှစ်သားကလေးနှင့် ခင်ဗျားတို့ ကျနော်တို့အကြောင်း
4. ကုသိနာရုံမှ သီဟိုဠ်၊ သီဟိုဠ်မှ မြန်မာသို့
5. ကျွန်ုပ်တို့အယ်ဒီတာ၊ ကျွန်ုပ်တို့မဂ္ဂဇင်း၊ ကျွန်ုပ်တို့အလုပ်

တို့ ဖြစ်ပါတယ်။

စာအုပ်ရဲ့ရည်ညွှန်းချက်မှာ ဒီလိုဆိုထားပါတယ်။

ဤစာအုပ်တွင်ပါဝင်သောစာတမ်းများမှာ စာရေးသူတင်မောင်သန်း “သင့်ဘ၀” မဂ္ဂဇင်းအယ်ဒီတာအဖြစ်လုပ်ကိုင်ခဲ့စဉ် ၁၉၉၅ မှ ၉၇-ခုနှစ်အတွင်း ရေးသားခဲ့သော စာတမ်းများဖြစ်ပါသည်။

“သခင်စိတ်ဓာတ် သခင်အကျင့်” စာတမ်းကို မဂ္ဂဇင်းတွင်ဖော်ပြခွင့်ရခဲ့သော်လည်း ဆင်ဆာဖြတ်တောက်ခံခဲ့ရပါသည်။ ယခုစာအုပ်တွင် ဆင်ဆာဖြတ်ခံရသောစာပိုဒ်များကို စာလုံးအမဲအစောင်းဖြင့်ဖော်ပြထားပါသည်။

“ကျွန်ပညာရေးနှင့် သခင်ပညာရေး”၊ “ကုသိနာရုံမှ သီဟိုဠ်၊ သီဟိုဠ်မှ မြန်မာသို့”၊ “ကျွန်ုပ်တို့အယ်ဒီတာ၊ ကျွန်ုပ်တို့မဂ္ဂဇင်း၊ ကျွန်ုပ်တို့အလုပ်” စာတမ်းသုံးစောင်လုံး ပိတ်ပင်ခြင်းခံခဲ့ရပါသည်။ လုံးဝဖော်ပြခွင့်မရခဲ့ပါ။

“ဆယ်နှစ်သားကလေးနှင့် ခင်ဗျားတို့ ကျနော်တို့အကြောင်း” စာတမ်းမှာ မဂ္ဂဇင်းတွင်ဖော်ပြခွင့်ရခဲ့သော်လည်း ဆောင်းပါးပေါင်းချုပ်အဖြစ်ထုတ်ဝေခွင့် ပိတ်ပင်ခံခဲ့ရပါသည်။ ကလောင်အမည် မောင်ဖိုးတင် ဖြင့်ရေးခဲ့ပါသည်။

ထိုစာတမ်းများကို စာရေးသူ၏မူရင်းအတိုင်းစုစည်း၍ “သခင်နိုင်ငံတော်” အမည်ဖြင့် ပုံနှိပ်ထုတ်ဝေပါသည်။

ဤစာအုပ်အတွက် အမှာစာရေးသားပေးသော ဆရာတင်မိုး၊ ဆရာမောင်သစ်ဆင်းနှင့် စာရေးသူ ဆရာတင်မောင်သန်းတို့အား ကျေးဇူးတင်ပါသည်။

စာအုပ်ဖြစ်မြောက်ရေး ၀ိုင်းဝန်းကူညီကြသူအားလုံးကိုလည်း ကျေးဇူးတင်ပါသည်။

ဤစာအုပ်ကို ဂျပန်နိုင်ငံမှ အာဟာရစာကြည့်တိုက်၊ သုတသဟာရစာကြည့်တိုက်နှင့် ကိုရီးယားနိုင်ငံမှ ရွှေသင်္ဂဟာ-မြန်မာအသင်းစာကြည့်တိုက်တို့၏ စာအုပ်ထုတ်ဝေမှု ဒုတိယအစီအစဉ်အဖြစ် ထုတ်ဝေပါသည်။

သင်ချစ်သောမိတ်ဆွေတဦးအား ဤစာအုပ်ကိုလက်ဆောင်ပေးခြင်းဖြင့် သခင်နိုင်ငံတော်တည်ဆောက်ရေးတွင် တထောင့်တနေရာမှ ပါဝင်စေလိုကြောင်း။

(စီစဉ်သူများ)

အမှာစာများမှ တချို့ကိုကောက်နှုတ်ဖော်ပြရသော်........

ဆရာတင်မောင်သန်းရဲ့ သခင်နိုင်ငံတော်စာအုပ်ဟာ သခင်စိတ်ဓာတ်ကို အုတ်မြစ်ချပေးမယ့် စာအုပ်။ ဖတ်ရင်းဖတ်ရင်း သခင်သွေးတွေ ဖြန်းဖြန်းထစေမယ့်စာအုပ်။ ဒီနေ့ခေတ်မှာ အလွန်ထူးခြားပြီး အလွန်လိုအပ်နေတဲ့ စာအုပ်။ ဒီလို ကျနော်ထင်မြင်တယ်။ အဲဒီလို ရဲရဲယုံကြည်တယ်။
(ဆရာတင်မိုး)

လူသည်အရေးကြီး၏။ လူ့တန်ဖိုးသည် အရေးကြီး၏။ နိုင်ငံကြီးသားစိတ်ဓာတ်မွေးကြဖို့ အထူးလို၏။ ဖွတ်ကျားစိတ်ဓာတ်ဖြင့်တော့ လူတယောက်၊ အသင်းအဖွဲ့တခု၊ နိုင်ငံတနိုင်ငံအား ပေမီဒေါက်မီဖြစ်အောင် ပုံဖော်နိုင်မည်မဟုတ်။
(ဆရာမောင်သစ်ဆင်း)

ယနေ့တပ်မတော်ဟာ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းက မျှော်မှန်းခဲ့တဲ့ မြန်မာပြည်သူတိုင်းကို သခင်ဖြစ်အောင် လူဇာတ်ဝင်အောင် ဆောင်ရွက်ရမယ့်အစား ကိုယ့်ကိုယ်ကိုမာစတာဖြစ်အောင် နေထိုင်ဆောင်ရွက်မိလျက် ဖြစ်နေပါပြီ။ သမိုင်းကိုလည်း ပြန်လှည့်ကြည့်ဖို့ သခင်စိတ်ဓာတ်၊ သခင်အကျင့် ဆောင်းပါးကို ဖတ်ကြည့်လိုက်ပါခင်ဗျား။
(ဆရာတင်မောင်သန်း)

စာအုပ်ကောင်းတအုပ်မို့ စာဖတ်ဝါသနာပါသူများ ၀ယ်ဖတ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ပြည်တွင်းမှညီအစ်ကို၊ မောင်နှမများအတွက်လည်း ကျနော်ဖတ်ရင်းနဲ့ စာနည်းနည်းချင်းစီရိုက်ပြီး တအုပ်လုံးတင်ပေးပါ့မယ်။ မလေးရှားမှညီအကိုများ စာအုပ်အနေနဲ့လိုချင်တယ်ဆိုရင် ကျနော့်မှာရှိတဲ့စာအုပ်ကို မိတ္တူပြန်ကူးဖို့ငှားပါမယ် (အပိုင်တော့မပေးနိုင်ဘူးနော် :))။ မိတ္တူကူးချင်ရင် အီးမေးလ်ကနေ ကျနော့်ကိုဆက်သွယ်ပါခင်ဗျာ။

စာအုပ်ပို့ပေးလာသော မိုးသောက်ကြယ်(ဂျပန်) မှ ကိုသန့်မျိုးထွေး အား အထူးကျေးဇူးတင်ရှိပါသည်။

--
Posted By မောင်ပါလ to ခရီးသည်မှတ်တမ်း at 8/01/2010 06:35:00 PM

စာအုပ်လေးတအုပ်ပါ။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)