မိမိ၏ ၀ိုင်အရက်ကို သားဖြစ်သူ ခိုးသောက်နေကြောင်း အဖေဖြစ်သူက သိသည်။ လက်ပူးလက်ကြပ် မိသည့်နေ့တွင် သားငယ်ကို ကောင်းကောင်းဆုံးမမည်ဟု အဖေဖြစ်သူက အားခဲထားသည်။ တစ်နေ့ သားငယ်၏လက်တွင် ၀ိုင်အရက်ပုလင်း ကိုင်ထားချိန်၌ ပက်ပင်းမိသဖြင့်-
`ဟေ့ကောင်… ဒါ ဘာလဲကွ´
`နွားနို့ပါ ဖေဖေ´
`မင်း ဘာဖြစ်လို့ အကြောင်ရိုက်ပြီး လိမ်ချင်ရတာလဲ၊ နွားနို့က အဖြူရောင်၊ ခု ဒီပုလင်းထဲမှာ အနီရောင်ကွ´ဟု ပြောလိုက်ရာ သားငယ်က ပြန်ဖြေလိုက်သည်မှာကား-
`ဒီလိုပါ ဖေဖေ၊ ဖေဖေ့ကိုမြင်တော့ နွားနို့ဟာ ရှက်ပြီး ဖြူရာကနေ နီသွားတာပါ ဖေဖေ´ဟူ၏။
** စိန်ငှက်ရိုး **
(အရက်သမားလောက ဟာသများမှ)
**(အရက်သမားလောက ဟာသများ)**

No comments:
Post a Comment