**ကိုကြီးရေ…
၁၉၉၇ ခုနှစ်
လေးနှစ်တာ ပျောက်ကွယ်သွား
ပြန်တွေ့ရတဲ့အချိန်မှာ
ပြန်ဆုံခွင့်ပေးတဲ့ကံကြမ္မာကို
ရင်ထဲမှာလှိုက်လှဲ ကျေးဇူးတင်ခဲ့ဖူးတယ်။
**ကိုကြီးရေ…
အဲ့ဒီတုန်းက တနေ့လုံးနဲ့ တညလုံး
နောက်တနေ့လုံး နှစ်နေ့နဲ့ တည
စကားတွေပြောမကုန်အောင် ဖြစ်ခဲ့ရတယ်။
**အဲဒီတုန်းက
ညီမလေးရဲ့ အမေးတွေကို
ကိုကြီးပြောခဲ့တဲ့စကား
စစ်ကြောရေးငရဲခန်းမှာ
သွေးထွက်အောင်မှန်ခဲ့တယ်
`ကိုယ်နဲ့ မဆိုင်တဲ့ကိစ္စတွေမှာ
မသိထားလေ… လုံခြုံရေးအရ စိတ်ချရလေပဲ´… တဲ့
အဲ့ဒီစကား (ညီမလေး) တော်လှန်ရေးထဲမှာ ရှိနေသမျှ
စွဲမြဲစွာလက်ခံထားမယ်။
အဲ့ဒီလိုပါဘဲ
ကျမ ဘ၀မှာ
အကြောင်းအရာပေါင်းများစွာကို
လမ်းပြရှေ့ဆောင် ဦးဆောင်ဦးရွက်ပြပေးခဲ့တယ်။
ကျမငယ်ငယ်
လူထုဆန္ဒပြပွဲဆိုတာ မြင်ဖူးစမှာ…
`၀င်းဇော်´ရဲ့ `အလံမလှဲစတမ်း´ထဲက
`ချောအိမာန်´ရဲ့ မိတ်ဆက်ပေးဖူးတယ်
`ထက်မြတ်´ `နိုင်ဝင်ဆွေ´ တို့ရဲ့ ဇာတ်လိုက်
`အိုယန်ဟိုင်´နဲ့ ပေးတွေ့ခဲ့ဖူးတယ်
`တင်ထွေး´ရဲ့ `တော်လှန်ရေးလုံမ´
ကြမ်းတမ်းတဲ့ဘ၀ထဲကို ၀င်ခံစားခိုင်းခဲ့တယ်။
၁၉၈၉မှ ၁၉၉၂
ထောင်ထဲရောက်နေတဲ့အချိန်
၁၄-ရက် တခါ သံဇကာနှစ်ထပ်ခြားပြီး
တံတိုင်းတွေကြားက သူရဲ့ကောင်းတွေအကြောင်း
ဖိနှိပ်မှုတွေကြားက တိုက်ပွဲတွေအကြောင်း
စားစရာမပါချင်နေပါ
သတင်းပဲယူလာပါ… ဆိုတဲ့
ခပ်ကြမ်းကြမ်း ခပ်မာမာစကား
ခုထိ… နားထဲမှာ ကြားယောင်ဆဲပါ။
`ရဲဘော်ထက်မိုး´ ဆိုတာ
သူများတွေအတွက်တော့
သူရဲကောင်းဖြစ်ချင်မှဖြစ်မယ်
ကျမအတွက်တော့ (ကျမအကိုဟာ)
တော်လှန်ရေးမြေသြဇာသက်သက်ကို ထည့်ပေးခဲ့တဲ့
တော်လှန်ရေး ဥယျာဉ်မှူးပဲ…။ ။
** အေးအေးမိုး **
(၂၃၊ ၈၊ ၂၀၀၅)
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)
**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**
**ကိုကြီးရေ…
၁၉၉၇ ခုနှစ်
လေးနှစ်တာ ပျောက်ကွယ်သွား
ပြန်တွေ့ရတဲ့အချိန်မှာ
ပြန်ဆုံခွင့်ပေးတဲ့ကံကြမ္မာကို
ရင်ထဲမှာလှိုက်လှဲ ကျေးဇူးတင်ခဲ့ဖူးတယ်။
**ကိုကြီးရေ…
အဲ့ဒီတုန်းက တနေ့လုံးနဲ့ တညလုံး
နောက်တနေ့လုံး နှစ်နေ့နဲ့ တည
စကားတွေပြောမကုန်အောင် ဖြစ်ခဲ့ရတယ်။
**အဲဒီတုန်းက
ညီမလေးရဲ့ အမေးတွေကို
ကိုကြီးပြောခဲ့တဲ့စကား
စစ်ကြောရေးငရဲခန်းမှာ
သွေးထွက်အောင်မှန်ခဲ့တယ်
`ကိုယ်နဲ့ မဆိုင်တဲ့ကိစ္စတွေမှာ
မသိထားလေ… လုံခြုံရေးအရ စိတ်ချရလေပဲ´… တဲ့
အဲ့ဒီစကား (ညီမလေး) တော်လှန်ရေးထဲမှာ ရှိနေသမျှ
စွဲမြဲစွာလက်ခံထားမယ်။
အဲ့ဒီလိုပါဘဲ
ကျမ ဘ၀မှာ
အကြောင်းအရာပေါင်းများစွာကို
လမ်းပြရှေ့ဆောင် ဦးဆောင်ဦးရွက်ပြပေးခဲ့တယ်။
ကျမငယ်ငယ်
လူထုဆန္ဒပြပွဲဆိုတာ မြင်ဖူးစမှာ…
`၀င်းဇော်´ရဲ့ `အလံမလှဲစတမ်း´ထဲက
`ချောအိမာန်´ရဲ့ မိတ်ဆက်ပေးဖူးတယ်
`ထက်မြတ်´ `နိုင်ဝင်ဆွေ´ တို့ရဲ့ ဇာတ်လိုက်
`အိုယန်ဟိုင်´နဲ့ ပေးတွေ့ခဲ့ဖူးတယ်
`တင်ထွေး´ရဲ့ `တော်လှန်ရေးလုံမ´
ကြမ်းတမ်းတဲ့ဘ၀ထဲကို ၀င်ခံစားခိုင်းခဲ့တယ်။
၁၉၈၉မှ ၁၉၉၂
ထောင်ထဲရောက်နေတဲ့အချိန်
၁၄-ရက် တခါ သံဇကာနှစ်ထပ်ခြားပြီး
တံတိုင်းတွေကြားက သူရဲ့ကောင်းတွေအကြောင်း
ဖိနှိပ်မှုတွေကြားက တိုက်ပွဲတွေအကြောင်း
စားစရာမပါချင်နေပါ
သတင်းပဲယူလာပါ… ဆိုတဲ့
ခပ်ကြမ်းကြမ်း ခပ်မာမာစကား
ခုထိ… နားထဲမှာ ကြားယောင်ဆဲပါ။
`ရဲဘော်ထက်မိုး´ ဆိုတာ
သူများတွေအတွက်တော့
သူရဲကောင်းဖြစ်ချင်မှဖြစ်မယ်
ကျမအတွက်တော့ (ကျမအကိုဟာ)
တော်လှန်ရေးမြေသြဇာသက်သက်ကို ထည့်ပေးခဲ့တဲ့
တော်လှန်ရေး ဥယျာဉ်မှူးပဲ…။ ။
** အေးအေးမိုး **
(၂၃၊ ၈၊ ၂၀၀၅)
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)


No comments:
Post a Comment