(ဂျကာတာ၊ သြဂုတ်လ ၁၂-ရက်)
အင်ဒိုနီးရှားနှင့် တောင်ကိုရီးယားနှစ်နိုင်ငံပူးတွဲကာ ၂၀၁၂ ပြည့်နှစ်၌ ဂျက်တိုက်လေယာဉ်ထုတ်လုပ်ရေးစီမံကိန်းကို စတင်အကောင်အထည်ဖော်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ပူရာမိုမိုယူဂီအင်တိုရိုက သြဂုတ်လ ၁၂-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** အီလက်ထရွန်နစ် မော်တော်ကားများ စပိန်နိုင်ငံ၌ စတင်ရောင်းချနေ **
(မက်ဒရစ်၊ သြဂုတ်လ ၁၂-ရက်)
စပိန်နိုင်ငံတွင် အီလက်ထရွန်နစ်ကားများ စတင်ရောင်းချပေးလျက်ရှိရာ ၂၀၁၀ ခုနှစ်ကုန်ပိုင်း၌ အီးလက်ထရွန်နစ်ကားစီးရေ ၂၀၀၀-ခန့် လမ်းများပေါ်၌ မြင်တွေ့ရလိမ့်မည်ဖြစ်ကြောင်း အစိုးရကျောထောက်နောက်ခံပြုသည့် အာအီးဗွီအီး အီလက်ထရွန်နစ်ကားထုတ်လုပ်ရေးကုမ္ပဏီက ပြောကြားသည်။ (အင်တာနက်)
** ဒေသအတွင်း သတင်းအချက်အလက်များ စုစည်းရရှိရေး ကနေဒါ၏ ပထမဆုံး အာတိတ်ဂြိုလ်တုစခန်း ဖွင့်လှစ် **
(အော့တ၀ါ၊ သြဂုတ်လ ၁၂-ရက်)
ဒေသအတွင်း သတင်းအချက်အလက်များ စုစည်းရရှိရေးအတွက် ပထမဆုံးအာတိတ်ဂြိုလ်တုစခန်းကို ကနေဒါနိုင်ငံ အရာရှိများက သြဂုတ်လ ၁၁-ရက်နေ့၌ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ (အင်တာနက်)
** ဂျပန်မြောက်ပိုင်းသို့ မုန်တိုင်းဝင်ရောက်တိုက်ခတ် **
ဂျပန်နိုင်ငံ မြောက်ပိုင်းဒေသသို့ သြဂုတ်လ ၁၂-၇က်နေ့ နံနက်က မုန်တိုင်း ၀င်ရောက်တိုက်ခတ်ရာ မိုးသည်းထန်စွာ ရွာသွန်းခြင်း ဓာတ်အားကြိုးများ ပြတ်တောက်ခြင်း၊ နေအိမ်အချို့ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ဂျပန်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** အင်ဒိုနီးရှားကမ်းလွန်၌ ငလျင်လှုပ် **
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း ကမ်းလွန်တွင် သြဂုတ်လ ၁၂-ရက်နေ့ နံနက်က ရစ်ခ်ျတာစကေး ၆ ဒသမ ၂-ရှိ အင်အားပြင်းငလျင်လှုပ်ခဲ့ကြောင်း၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိကြောင်း အင်ဒိုနီးရှား အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** ဘရာဇီး၌ အမျိုးသမီးဆရာဝန်များ ပိုဝင်ငွေကောင်းနေ **
ဘရာဇီးနိုင်ငံတွင် ဆရာဝန်ဦးရေတိုးပွားလျက်ရှိရာ အမျိုးသမီးဆရာဝန်များသည် လူနာနှင့် လူနာရှင်တို့အတွက် ဆက်ဆံရေးနှင့် ကုသမှုအပိုင်းတို့၌ အောင်မြင်မှုရရှိသဖြင့် ၀င်ငွေကောင်းလျက်ရှိကြောင်း အမျိုးသားဆရာဝန်များထက် ၀င်ငွေ ၁၁ ဒသမ ၀၆ ရာခိုင်နှုန်း ပိုမိုရရှိကြောင်း ဘရာဇီးအရာရှိများက သြဂုတ်လ ၁၂-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** အင်ဒိုနီးရှားနှင့် တောင်ကိုရီးယား ၂၀၂၀ ပြည့်နှစ်၌ ဂျက်တိုက်လေယာဉ်များ ပူးတွဲထုတ်လုပ်မည် **

No comments:
Post a Comment