အီတလီနိုင်ငံမြောက်ပိုင်း ဗာစီလီရာအရပ်တွင် သြဂုတ်လ ၁၄-ရက်နေ့ နံနက်က လေဆင်နှာမောင်း ၀င်ရောက်တိုက်ခတ်သွားရာ နေအိမ်များပျက်စီးပြီး ဓာတ်အားကြိုးများမှ တစ်ဆင့် မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီတလီအရာရှိများက ပြောကြားသည်။ (အင်တာနက်)
** ဂူအမ်ကျွန်းကမ်းလွန်၌ အင်အားပြင်းငလျင်လှုပ် **
ဂူအမ်ကျွန်းကမ်းလွန်တွင် သြဂုတ်လ ၁၄-ရက်နေ့ နံနက်က ရစ်ခ်ျတာစကေး ၇ ဒသမ ၂-ရှိ အင်အားပြင်းငလျင်လှုပ်ခဲ့ကြောင်း ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း အမေရိကန်အခြေစိုက် ဆူနာမီသတင်းထုတ်ပြန်ရေးဌာနက ပြောကြားသည်။ (အင်တာနက်)
** တောမီးကြောင့် ရေဒီယိုသတ္တိကြွမှုများ ဖြစ်ပေါ်နိုင် **
၁၉၈၆ ခုနှစ်က ညူကလီးယား မတော်တဆမှုဖြစ်ပွားခဲ့သော ချာနိုဘိုင်းညူကလီးယားစက်ရုံအနီး တောမီးများ ကူးစက်လောင်ကျွမ်းမှုကြောင့် ရေဒီယိုသတ္တိကြွမှုများ ဖြစ်ပေါ်နိုင်ကြောင်း ယူကရိန်းအရာရှိများက သြဂုတ်လ ၁၄-ရက်နေ့၌ သတိပေးချက် ထုတ်ပြန်ထားသည်။ (အင်တာနက်)
** ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်းမြင့်တက် **
ကမ္ဘာ့ဈေးကွက်တွင် ရွှေဈေးနှုန်းများ မြင့်တက်လျက်ရှိရာ တရုတ်နိုင်ငံ ဟောင်ကောင်ဈေးကွက်၌ သြဂုတ်လ ၁၄-ရက်နေ့က ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၁၆ ဒသမ ၁၄-ဒေါ်လာအထိ မြင့်တက်လာကြောင်း တရုတ်အရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** တရုတ်အရှေ့မြောက်ပိုင်း၌ မုန်တိုင်းတိုက်ခတ် **
တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟေလုံကျင်ပြည်နယ်တွင် သြဂုတ်လ ၁၄-ရက်နေ့က မုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း တရုတ်အရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** အီတလီမြောက်ပိုင်း၌ လေဆင်နှာမောင်းတိုက်ခတ် **

No comments:
Post a Comment