**အဲဒီည… မိုးတွေရွာနေခဲ့…
`ကျနော့်သားလေးက ဗျာ…´
သူပြောခဲ့တုန်းက သူရဲ့ မျက်ဝန်းအစုံ
လျှပ်စီးလျှပ်မှုနဲ့အတူ
ကျနော့်ရင်ခွင်ထဲမှာဝုန်းကနဲ
ဝုန်းကနဲ… ကြေကွဲ။
**မိုးတွေလေ…
သူ့တဘ၀လုံးစာ ခင်းကျင်းပြီး
ရွာပြနေသလိုမျိုး
ကျနော့်ရင်ထဲမှာလည်း ရွာတယ်
ရဲဘော်တွေရင်ထဲမှာလည်း ရွာတယ်
ဒေါ်ကူးရင်ထဲမှာလည်း ရွာတယ်
သားလေး ထက်မိုးတင်နဲ့ သမီး စုကြည်မိုးအတွက်
တဘ၀လုံးစာ ရွာတယ်။
**ဆေးပိုက်တွေ ဗရပွနဲ့ ကုတင်တလုံး
နှလုံးခုန်စက်သံက ဆေးရုံတခုလုံး
တိုးညှင်းတိတ်ဆိတ် သွားခဲ့ပေါ့
အဲဒီည… မိုးတွေရွာနေခဲ့…။ ။
** ကိုဈာန် **
(ကိုထက်မိုး၏ ပြန်ကျမိုးများ)
**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**
**အဲဒီည… မိုးတွေရွာနေခဲ့…
`ကျနော့်သားလေးက ဗျာ…´
သူပြောခဲ့တုန်းက သူရဲ့ မျက်ဝန်းအစုံ
လျှပ်စီးလျှပ်မှုနဲ့အတူ
ကျနော့်ရင်ခွင်ထဲမှာဝုန်းကနဲ
ဝုန်းကနဲ… ကြေကွဲ။
**မိုးတွေလေ…
သူ့တဘ၀လုံးစာ ခင်းကျင်းပြီး
ရွာပြနေသလိုမျိုး
ကျနော့်ရင်ထဲမှာလည်း ရွာတယ်
ရဲဘော်တွေရင်ထဲမှာလည်း ရွာတယ်
ဒေါ်ကူးရင်ထဲမှာလည်း ရွာတယ်
သားလေး ထက်မိုးတင်နဲ့ သမီး စုကြည်မိုးအတွက်
တဘ၀လုံးစာ ရွာတယ်။
**ဆေးပိုက်တွေ ဗရပွနဲ့ ကုတင်တလုံး
နှလုံးခုန်စက်သံက ဆေးရုံတခုလုံး
တိုးညှင်းတိတ်ဆိတ် သွားခဲ့ပေါ့
အဲဒီည… မိုးတွေရွာနေခဲ့…။ ။
** ကိုဈာန် **
(ကိုထက်မိုး၏ ပြန်ကျမိုးများ)


No comments:
Post a Comment