အရက်မူးနေသော လူတစ်ယောက်သည် အဝေးပြေး ခရီးသည်တင်ကားတစ်စီးကို ခရီးကြုံတားဆီး၍ လိုက်ပါလာသည်။ ထို့နောက် ကားပေါ်မှနေ၍ စက္ကူစုတ်များကို တစ်ခုချင်းပစ်ချနေသည်။ ထိုအပြုအမူကို မြင်တွေ့နေသည့် ခရီးသည် တစ်ယောက်က…
`ခင်ဗျား ဘယ်လိုရည်ရွယ်ချက်နဲ့ စက္ကူစုတ်တွေကို ပစ်ချနေတာလဲ´
`ဆင်တွေ မလာနိုင်အောင် ခြောက်လှန့်တာလေ´
`ဟင် ဆင်လည်း တစ်ကောင်မှမတွေ့ရပါလား´ဟု ပြောလိုက်သဖြင့် အရက်မူးသမားက ပြန်ဖြေလိုက်သည် မှာကား…။
`ဘယ်တွေ့မှာလဲ ကျနော့်နည်းက သိပ်ထိရောက်တာကိုးဗျ´ဟူ၏။
** စိန်ငှက်ရိုး **
(အရက်သမားလောက ဟာသများ)
**(အရက်သမားလောက ဟာသများ)**

No comments:
Post a Comment