ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, August 16, 2010

ရေပေါ်ဆီလူယုတ်တွေ လမ်းသလားတဲ့ရာသီ သို့မဟုတ် ၂၀၁၀ရွေးကောက်ပွဲ”

> အခုတလော တခြားအရေးကြီးရာတွေးကြည့် ရေးကြည့် ဦးမယ် စဉ်းစားတော့ ၂၀၁၀ ကုန်ခါနီးလာလေ ..နေမြင့်လေအရှုးရင့်လေ ဖြစ်သလိုဖြစ်လာနေတဲ့ နိုင်ငံရေးပါတီနဲ့ စပေ့ချဲ့ချင်နေတဲ့ ဆရာသမား နိုင်ငံရေး ပေါက်စကြီးငယ်တွေအကြောင်းနဲ့ လျာထားဝန်အိုတွေအကြောင်းကိုရေးဖို့ အကြောင်းလေး ပေါ်လာတယ်။
အခုပြောနေကြတဲ့ ရွေးကောက်ပွဲ လုပ်မယ်ကြားလိုက်တည်း နိုင်ငံအတွက်၊ လူမျိုးအတွက်လုပ်တာပါလို့ ပြောပြီး ပြေးပြေးလွှားလွှား ပါတီတွေထထောင်။ နိုင်ငံခြားတိုင်းပြည်တွေဆီ အပြေးအလွှားထွက်ပြီး ရန်ပုံငွေရှာနေကြ ရှာတဲ့ နိုင်ငံရေးသမား ယောင်ယောင်ရောရော ပေါက်စကြီးငယ်များဟာ အခုတော့ လူမျိုးတစ်မျိုးအခွင့် အရေးအတွက် မပြောနဲ့ ကိုယ့်ပါတီအခွင့်အရေး၊ ကိုယ့်အခွင့်အရေးအတွက်တောင် စစ်အစိုးရဆီက ချွေမချ၊ စပေ့မချဲ့နိုင်သေးတော့ အသံတွေနည်းနည်းတိမ်သွားကြပြီး အချိန်မှီမြင်တဲ့သူတွေထဲကလည်း ထွက်တဲ့သူက လည်းအထွက်ပြနေပြီ။ မထွက်လို့ ပေခံပြီး ရွေးကောက်ပွဲပြီးခဲ့လို့ အမြတ်မှန်မရဘဲ အသေဘက်ကို စံရတဲ့ အချိန်မှာလည်း လူထုဆီကမေတ္တာဘယ်မမြင်သာကိုးဗျ။ အဲတော့ နည်းနည်းဥာဏ်ရည်မြင့်တဲ့သူက ခုန်ချပြီး ထွက် နေခဲ့တာပေါ့။ အဆင်းလေးကို ဘီးမလိုဘဲ ဘဝနဲ့လှိမ့်ဆင်းဆဲသူတွေကတော့ ၂၀၁၀ရဲ့ မီဒီယာလမ်း ကြောင်းပေါ်မှာ ရွေးကောက်ပွဲဆိုတဲ့ ပူပူပြင်းပြင်းရာသီဥတုကြီးနဲ့ ဖုန်တထောင်းထောင်းကို ထလို့ဗျို့။

ရွေးကောက်ပွဲ ဇာတ်ဆရာတွေ ကိုယ်တိုင်ကို ပြန်ကြည့်ပါဦး ဒေါ်စုလွှတ်ပြီးမှ ရွေးကောက်ပွဲလုပ်ရနိုးနိုး၊ မလွတ် ခင်လုပ်ရနိုးနိုးစတဲ့ အိပ်မက်ဆိုးတွေနဲ့၊ ဒီအိပ်မက်ဆိုးက မမက်ချင်ဘဲမက်နေရတာ ဒေါ်စုနဲ့ အန်အယ်ဒီ မပါအောင်လုပ်ပြီး ဆက်ဆွဲမယ်ကြံပြီးရှေ့တိုးမိခါမှ မပါရင်မပြီးတာက ထင်းထင်းကြီးထ တောက်တော့ အခုမှ ပါပါ ပါပါပြန်ခေါ်လို့၊ ဘွာတေးဘွာတေးပြန်ဟစ်လို့ကမဖြစ်။ ပါပါလို့ ပြန်တစ်ထစ်ဆင်းရင်လည်း ဆင်းရမယ့် တစ်ထစ်က အဝီစိလောက်ထိ အနိမ့်ကိုဆင်းရမှာကိုး။
သူတ ပါးကို ချောင်ပိတ်ရိုက်လွန်းလို့ ကိုယ်ကိုယ် တိုင်ထွက်ပေါက် ပျောက်သွားတဲ့ သဘောဖြစ် သွားတာလေ။
ဒိအပြင် အိုးကြီးအိုမ အာဏာရှင်ကြီးခမျာလည်း နေဝင်ချိန်လေး မီးမငြိမ်းခင်မှာ ငါဆင်ခဲ့တဲ့ ဂွင်မျိုးငါပြန် မဝင် ရရေး ကျိုးကုတ်အားခဲနေရတော့ ရွေးပြီးကောက်ဖို့နေနေသာသာ သူ့ကိုယ့်သူကာနေရတာနဲ့ အချိန်မလောက် ဘူးဖြစ်နေ။ တခြား မူးကြီးမတ်ရာ အရှက်မရှိရှာတဲ့ သူများခမျာရော တစ်ယောက် ကိုယ်တစ်ယောက်ပြုံးပြ၊ အ လေးပြုနေရပေမယ့် အိုကြီးအိုမ မသာချတဲ့အချိန်မှာ ငါဝင်စံ အာဏာရှင် ပလ္လင်တက်ရေးတွေးနေတော့ ရွေး ကောက်ပွဲဟာ ဝေးမြဲဝေးနေဆဲ။
ပါတီရှင်တွေလော၊ အာဏာရှင်တွေလော..ထဲမှာ ဗူးလုံးမကွဲ ကိုယ့်ကိုယ်ကို ဘာမှန်းလဲမ သိရှာ သူတွေကတော့ ထွက်ပြီး တိုက်ပုံတောက်တောက်ဝတ်၊ ပိုးပုဆိုးပြောင်ပြောင် လူလည်ခေါင်ထ ဝတ်လိုက်ရရှာတဲ့ လျာထား ဝန်အို၂၀ ကျော်ခမျာ အာဏာရှင်အိုကြီးအိုမ သေလို့များ အာဏာ လုကြရင်လည်း လုတဲ့အထဲ သူတို့ခမျာစာရင်း ကွာကျပြီးသွားရှာပြီဖြစ်လို့ ဘာနေရာမှမရတော့ဘဲ အရပ်ဝတ်နဲ့နားပေတော့။
ရွေးကောက် ပွဲလုပ်ဖြစ်လို့ လူထုကျဲတဲ့ မေတ္တာမရတဲ့ ဗီလိန်မကျ၊ လူကြီးမင်းမကျနေရာမှာ နေရခဲ့သည်ရှိ တော့ ရော နေရာနဲ့ အာဏာကို အပင်းဆို့သလိုဆို့နေရမှာကိုး။ အဲတော့ ပွဲသစ်ကမစရသေးဘူး သူတို့ခမျာ တီဗီရှေ့ ထွက်တာမှာတောင် မျက်နှာတွေ မသာမယာနဲ့…တခါမှ ပြုံးပြုံးလေးပါမလာတာသာကြည့်။ ၂၀၁၀ရဲ့ အဆိုးဆုံး၊ အရှုံးအများဆုံး နေရာမှာ ခံကစားနေရရှာတဲ့ လျာထားဝန်အို ၂၀ကျော်ပေါ့။
အကယ်၍များ ကံစွတ်ကံမပြီး ရွေးကောက်ပွဲကြီးပြီးလို့ အမတ်ကြီး၊ ဝန်ကြီးတက်လုပ်တော့ရော အရင်တည်းက မင်းထွက်၊ သူထွက်၊ ဟိုကောင်ထွက်ဆိုပြီး အိုကြီးအိုမ အာဏာရှင်ပြောလို့ အဝတ်လဲလိုက်ရတာ။ ပုဆိုးတောင် ကောင်းကောင်းဝတ် တတ်တာမဟုတ်လို့ ဘောင်းဘီရှည် ဝန်ကြီးဝတ်စုံချက်ချင်း ချုပ်ဝတ်ရတာလည်း တီဗီ ကြည့်သူတိုင်းကိုယ်တွေ့ မျက်မြင်ကိုး…။
ကလိတိတိတွေများသွားပြီ။ အတည်ရေးဦးမယ်။ ဘာဘဲပြောပြော ၂၀၁၀အတွင်းမှာ ရွေးကောက်ပွဲဆိုတဲ့ စ ကားလုံးကို တွင်တွင်ခင်းပြီး ကစားသွားတဲ့အထဲ ဟိုတယ်တစ်ခုရဲ့ ပထမထပ်ပေါ်ကလူတစ်စုတော့ တယ်ထော သွားသကိုး။ ပြည်ပကို လှစ်ခနဲထွက်သွားလိုက် ပိုက်ဆံတွေပွေ့ယူလာလိုက်။ ဒီထဲမှာ တပည့်ဟောင်းလည်းဖြစ်၊ နိုင်ငံရေး အရည်မလည် မနူးမနပ် လူငယ်လေးတွေလည်းဖြစ်တဲ့ အလင်းမမြင်ဘူးသေးတဲ့ အမှောင်ထဲက ပွင့် ခဲ့ရရှာတဲ့ မျိုးဆက်သစ်လေးတွေနဲ့ မိတ်ဆွေအပေါင်း သင်းထဲက စစ်ထွက်တွေကို ပါတီထောင်စေ၊ ပိုင်စေ လုပ်ရင်း ငွေတွင်းကြီးကိုတွေ့လို့။ မဖြစ်နိုင်ဘူးမပြောနဲ့ ကိုယ့်လူ။ ပြည်ပမလဲ ဆန်ရှင်ရှိသလို အန်တီဆန်ရှင် တွေလည်း ရှိသဗျ။ အဲဒီ အန်တီဆန်ရှင်တွေခမျာလည်း အသွင်ပြောင်းမှ အဝင်ကောင်းမှာမို့ အသွင်ပြောင်းရေး ကို အတွင်းက ဘယ်သူနဲ့ဒေါင်းဒေါင်း ခွင်အသစ် အခင်းသစ်နဲ့ ကစားတာမှာ အဲဒိလူတတ်ကြီးတစ်စု ငွေတွင်း ကြီး တွေ့သွားရ လေသပေါ့ဗျာ။
အခုတော့ အနယ်နယ်အရပ်ရပ်လှည့်လို့ အီလက်ရှင်နော်လစ်ဒတ်ဗလုတ်မန့်တို့၊ ဗုတ်တာအက်ကျူကေးရှင်းတို့ ကို ပြည်သူတွေကိုပေးတယ်မထင်နဲ့ အရာထမ်း၊ အမှုထမ်းတွေကို ပညာရှင်စကားကျွမ်းကျွမ်းနဲ့ လှည့်လည် ချီးမြှင်နေလေရဲ့ဗျာ။ ဗုတ်တာအက်ကျူကေးရှင်းကြောင့် ပြည်သူတွေနားပွင့်မပွင့်၊ မျက်စိပွင့်မပွင့်တော့မသိဘူး။ ရပ်ကျေးက တာဝန်ရှိသူကြီးမင်းတွေ အဲသင်တန်းလာတက်ဖို့ရာတော့ ရွာသူရွာသားတွေခများ မသထာရေစာ လေးတွေစုပြီး ဘုံငွေကျခံလိုက်ရသေးသဗျ။
ဒီကောင်ငယ်လေးနှယ် အညှိုးကြီးလှသကွယ်ဆိုလည်း ခံရတော့မှာဘဲ စာဖတ်သူတို့ရေ၊ စာရေးသူဘဝမှာ စာထဲမှာဘဲ ဖတ်ဖူးသိဖူးခဲ့တဲ့ပြီး အပြင်မှာ တခါမှ မတွေ့ဘူးတဲ့ သူတွေ၊ နိုင်ငံရေးသမားအယောင်ဆောင် ရေပေါ် ဆီ လူညစ်ယုတ်တွေကို ၂၀၁၀နားနီးလေ ဘွားဘွားကြီးဖွေးဖွေးလှုပ်တွေ့တွေ့နေရတာတွေကနေ ဒီလေချဉ်တွေ ပျို့ပျို့တက်လာ ရတာပါဘဲ လေဗျာ။

နိုင်ငံပြုသစ္စာဖြင့်
သီဟငယ်
(တနင်္ဂနွေနေ့) ၈၊ ၈၊ ၂၀၁၀

အခုတလော တခြားအရေးကြီးရာတွေးကြည့် ရေးကြည့် ဦးမယ် စဉ်းစားတော့ ၂၀၁၀ ကုန်ခါနီးလာလေ ..နေမြင့်လေအရှုးရင့်လေ ဖြစ်သလိုဖြစ်လာနေတဲ့ နိုင်ငံရေးပါတီနဲ့ စပေ့ချဲ့ချင်နေတဲ့ ဆရာသမား နိုင်ငံရေး ပေါက်စကြီးငယ်တွေအကြောင်းနဲ့ လျာထားဝန်အိုတွေအကြောင်းကိုရေးဖို့ အကြောင်းလေး ပေါ်လာတယ်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)