ဂျပန်ပြည်က နာမည်ကျော် ဟွန်ဒါမော်တော်ယာဉ် ကုမ္ပဏီတည်ထောင်ခဲ့သူ `ဆိုအိချိရိုဟွန်ဒါ´ဟာ သူရဲ့ ကနဦးအစ မော်တော်ယာဉ် ထုတ်လုပ်သူဘ၀ကို သတိရနေမိတယ်။
၁၉၅၀ ခုနှစ်မှာ `တာကီယိုဖူဂျီဆ၀´နဲ့ နှစ်ယောက်စပ်တူ ကလေးစီး မော်တော်ဆိုင်ကယ် ထုတ်လုပ်မှုကို တီထွင်လုပ်ဆောင်ခဲ့ကြတယ်။ လုပ်ငန်းတိုးချဲ့ဖို့ ငွေအမြောက်အမြား လိုလာတယ်။ သူတို့ နှစ်ယောက်ဟာ မစ်ဆူဘီရှိဘဏ်မှာ ချေးငွေထုတ်ပေးဖို့ အသနားခံ လျှောက်ထားခဲ့ကြတယ်။ ဘဏ်က အရာရှိတွေကိုလည်း ခေါ်ယူပြီး ပါတီပွဲကျင်းပပေးတယ်။ ပါတီပွဲလာတဲ့ မိတ်ဆွေတွေ အတော်ကလေးမူးယစ်သွားကြတယ်။ စင်မြင့်ပေါ်မှာ ရယ်စရာ ဟာသပြကွက်နဲ့ တေးသီချင်းတွေ၊ ပုံပြင်တွေ တင်ဆက်ဖျော်ဖြေပေးတယ်။ ဘဏ်အရာရှိတွေလည်း ပျော်ရွှင်သဘောခွေ့နေကြတယ်။
နောက်တစ်နေ့ မနက်မှာ ဟွန်ဒါတို့သူငယ်ချင်းနှစ်ယောက် ငွေချေးထားတဲ့ ဘဏ်ကို အားကိုးတကြီးနဲ့ သွားကြတယ်။ သူတို့ကို ဘဏ်အရာရှိတွေကလည်း ခင်မင်သိကျွမ်းသွားကြပြီမို့ ရမယ်လို့ မျှော်လင့်ထားပြီးဖြစ်တယ်။ ဘဏ်ကိုရောက်တဲ့အခါမှာ ချေးငွေ လျှောက်လွှာအခြေအနေကို စုံစမ်းမေးမြန်းကြည့်ကြတယ်။ သူတို့ရဲ့ ချေးငွေလျှောက်လွှာအပေါ်ဘဏ်က ချေးငွေထုတ်မပေးဘဲ ပယ်ချခြင်း ခံခဲ့ရတယ်။ ပယ်ချခံရတဲ့အကြောင်းပြချက်ကတော့ `လူရွှင်တော်နှစ်ယောက် ဦးစီးတဲ့ ကုမ္ပဏီတစ်ခုကို ကျွန်ုပ်တို့ ဘဏ်အနေဖြင့် မယုံကြည်နိုင်ပါ´လို့ ဖြစ်ပါတယ်။
** မြဟန်သိန်းမောင် **
(နိုင်ငံတကာ ရယ် စရာများမှ)
**(နိုင်ငံတကာ ရယ် စရာများ)**

No comments:
Post a Comment