ဖမ်းဆီးခဲ့ဟုဆို **
(နိုင်ရိုဘီ၊ သြဂုတ်လ ၁၉-ရက်)
အေဒင်ပင်လယ်ကွေ့အရှေ့ပိုင်းတွင် လောင်စာဆီများတင်ဆောင်ထားသည့် မသင်္ကာဖွယ် ပင်လယ်ဓားပြသင်္ဘောငယ်တစ်စင်းကို ဥရောပသမဂ္ဂ(အီးယူ) ရေတပ်(နက်ဖော)စစ်သင်္ဘောတစ်စင်းက ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သြဂုတ်လ ၈-ရက်နေ့တွင် အီးယူရေတပ်အရာရှိတစ်ဦးက ပြောကြားသည်။ (အင်တာနက်)
** ရိုမေးနီးယား ၇၉-ဦးအား ပြင်သစ်နှင်ထုတ် **
(ဘူခါရက်၊ သြဂုတ်လ ၁၉-ရက်)
ပြင်သစ်နိုင်ငံအတွင်း တရားမ၀င် လာရောက်နေထိုင်ကြသည့် ရိုမေးနီးယားနိုင်ငံသား ၇၉-ဦးအား သြဂုတ်လ ၁၉-ရက်နေ့က နှင်ထုတ်လိုက်ကြောင်း ပြင်သစ်ပြည်ထဲရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ (အင်တာနက်)
** အိန္ဒိယမြောက်ပိုင်း၌ စာသင်ကျောင်းပြိုကျ ကလေး ၁၈-ဦးသေဆုံး **
(နယူးဒေလီ၊ သြဂုတ်လ ၁၉-ရက်)
အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ အက်တာရာခမ်းပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စာသင်ကျောင်း အဆောက်အအုံပြိုကျသဖြင့် အနည်းဆုံးကလေး ၁၈-ဦး သေဆုံးကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)
** ကူဝိတ်သို့ စစ်လျော်ကြေး အီရတ်ပေးရန် ကျန်ရှိ **
ကူဝိတ်နိုင်ငံအတွင်း ၁၉၉၀ ပြည့်နှစ်က ကျူးကျော်တိုက်ခိုက်ခဲ့သည့်အတွက် စစ်လျော်ကြေးပေးနေရသည့် အီရတ်နိုင်ငံအနေဖြင့် ကူဝိတ်သို့ ထပ်မံပေးရန် စစ်လျော်ကြေး ဒေါ်လာ ၂၂ ဒသမ ၃ ဘီလီယံ အကြွေးတင်လျက်ရှိသည်။ (အင်တာနက်)
** ဆေးရုံမီးလောင်မှု ကလေးငယ် လေးဦး သေဆုံး **
ရိုမေးနီးယားနိုင်ငံ ဘူခါရက်မြို့တော်ရှိ ဆေးရုံတစ်ရုံ၌ မွေးကင်းစကလေးငယ်လေးဦးသေဆုံးပြီး ခုနစ်ဦးပြင်းထန်စွာဒဏ်ရာရစေသည့် မီးလောင်မှုကို ယခုအခါ စတင်စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ကြေညာသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** အေဒင်ပင်လယ်ကွေ့မှ မသင်္ကာဖွယ် ဓားပြသင်္ဘောအား အီးယူရေတပ်သင်္ဘော ပစ်ခတ်

No comments:
Post a Comment