(လန်ဒန်၊ သြဂုတ်လ ၁၉-ရက်)
၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအပြီး ကမ္ဘာ့ဖလားဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလိုသည့်နိုင်ငံများကို လျှောက်လွှာခေါ်ယူခဲ့ရာ နိုင်ငံပေါင်း ကိုးနိုင်ငံက ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲများ ကျင်းပလိုကြောင်း အပြိုင်အဆိုင် လျှောက်ထားကြသည်။ (အင်တာနက်)
** တိုက်စစ်မှူး အနယ်လ်ကာ ပြင်သစ်ဘောလုံးသမားအဖြစ်မှ ၁၈-လ ပယ်ခံရ **
(ပါရီ၊ သြဂုတ်လ ၁၉-ရက်)
ချဲလ်ဆီးတိုက်စစ်မှူး အနယ်လ်ကာအား ပြီးခဲ့သည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ပြုမူခဲ့သည့် အပြုအမူအတွက် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က နိုင်ငံလက်ရွေးစင်အဖြစ်မှ ၁၈-လကြာ ပယ်လိုက်သည်။ (အင်တာနက်)
** မန်စီးတီးတိုက်စစ်မှူး ဘယ်လာမီအားကာဒစ်သို့ တစ်နှစ်အငှားချထား **
(လန်ဒန်၊ သြဂုတ်လ ၁၉-ရက်)
မန်စီးတီးမှ ဝေလတိုက်စစ်မှူး ခရိတ်ဘယ်လာမီသည် ၄င်း၏ မြို့ခံကလပ် ကာဒစ်စီးတီးသို့ တစ်နှစ်အငှားသွားရောက်ကစားရမည်ဖြစ်ကြောင်း မန်စီးတီးကပြောကြားသည်။ (အင်တာနက်)
** ကွင်းလယ်ကစားသမား အိုဇီးလ် ရီးရဲမက်ဒရစ်သို့ ပြောင်းပြီ **
(ဘာလင်၊ သြဂုတ်လ ၁၉-ရက်)
ဂျာမနီ ဘွန်ဒက်စ်လီဂါကလပ် ၀ါဒါဘရီမင်အသင်းမှ ကွင်းလယ်ကစားသမား မီဆွတ်အိုဇီးလ်သည် စပိန်ကလပ် ရီးရဲမက်ဒရစ်နှင့် စာချုပ်ရန် ၀ါဒါဘရီမင်မှ ထွက်ခွာသွားပြီဖြစ်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မြင့်မောင်စိုး **
** ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အိမ်ရှင်အဖြစ် အပြိုင်အဆိုင်လျှောက်ထား **

No comments:
Post a Comment