သူငယ်ချင်းနှစ်ဦး စကားပြောနေကြသည်မှာ…
`မနေ့က ကျနော် အိပ်မက်ဆိုးတစ်ခု မက်တယ်ဗျာ´
`ဘယ်လို အိပ်မက်ဆိုးလဲဗျ၊ ပြောစမ်းပါဦး´
`ဒီလိုဗျ…။ အိပ်မက်ထဲမှာ ကျနော့်မိန်းမနဲ့ ငယ်ငယ်ရွယ်ရွယ် ချောချောလှလှ ကောင်မလေးတစ်ယောက် ကျနော့်အတွက်နဲ့ နပန်းလုံး ရန်ဖြစ်ကြတယ်လေ´
`ဟကောင်ရ… ဒါ အိပ်မက်ဆိုးမှမဟုတ်ဘဲကွ´ဟု ပြောလိုက်ရာ ကျန်တစ်ဦးမှ ပြန်ပြောလိုက်သည်မှာကား…
`မဟုတ်ဘူးဗျ…။ နပန်းလုံးကြတာ ကျနော့်မိန်းမက အနိုင်ရသွားလို့ဗျ´ဟူ၏။
** စိန်ငှက်ရိုး **
**(ယောင်္ကျားတို့လောက ဟာသများ)**

No comments:
Post a Comment