၁၈၁၂ ခုနှစ်က အမေရိကန် သတင်းထောက်တစ်ဦးဟာ စပျစ်ခြံကြီးထဲမှာ နေထိုင်တဲ့ အသက် (၁၀၂)နှစ်တွင်း ၀င်နေပြီဖြစ်သော ပြင်သစ်အဘိုးကြီးအိုတစ်ယောက်ကို တွေ့ရှိခဲ့ရပါတယ်။
`ကျနော်ဘာဖြစ်လို့ ကျန်းမာရေး ဒီလောက်ကောင်းနေရသလဲဆိုတော့။ ၀ိုင်ကလွဲပြီး၊ ရေတစ်ပေါက်တောင် ကျနော့်နှုတ်ခမ်းဖျားနဲ့ မထိဖူးဘူးဗျ´ ပြင်သစ်အဘိုးကြီးက ပြောပြခဲ့ပါတယ်။
`အဲဒါကိုတော့ ကျနော် မယုံနိုင်ဘူးဗျာ၊ မနက်ခင်းမှာ ခင်ဗျား သွားမတိုက်ဘူးလား´ သတင်းထောက်က ပြုံးရယ်စွာ မေးလိုက်တယ်။
`တိုက်တာပေါ့ဗျာ၊ အဲဒီအခါမှာ ကျုပ်က ၀ိုင်အဖြူရောင် ပျော့ပျော့ကို သုံးတယ်လေ´လို့ အဘိုးကြီးက ခပ်အေးအေးကလေးပြန်ဖြေလိုက်ပါတယ်။
** မြဟန်သိန်းမောင် **
`
(နိုင်ငံတကာ ရယ်စရာများမှ)
**(နိုင်ငံတကာ ရယ်စရာများ)**

No comments:
Post a Comment