**တောင်ကိုရှောင်တဲ့
အရောင်မဲ့လေ၊ မဟုတ်ချေ။
**တောနေကြာရိုင်း
ပန်းတိုင်းပွင့်စေ၊ ဒီရေမြင့်သစ်
အလှခေတ်ဦး၊ တူးဆွချင်သူ။
**အဝေးဆုံးလမ်း
ရွေးချယ်စမ်းတဲ့
ကြမ်းတမ်းသိပ်သည်း၊ မြည်ဟီးပဲ့တင်
ငလျင်လှုပ်ခတ်၊ အနာဂတ်ကို
ပွေ့ဖက်လိုက်လျက်၊ လမ်းတ၀က်မှာ။
**မြေ၀သုန်က
ဂုဏ်မပြုလည်း
လူထုဆီးကြိုနေမည်သာ။ ။
** မောင်လွမ်းဏီ **
(ကိုထက်မိုး ၏ ပြန်ကျမိုးများ)
**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**
**တောင်ကိုရှောင်တဲ့
အရောင်မဲ့လေ၊ မဟုတ်ချေ။
**တောနေကြာရိုင်း
ပန်းတိုင်းပွင့်စေ၊ ဒီရေမြင့်သစ်
အလှခေတ်ဦး၊ တူးဆွချင်သူ။
**အဝေးဆုံးလမ်း
ရွေးချယ်စမ်းတဲ့
ကြမ်းတမ်းသိပ်သည်း၊ မြည်ဟီးပဲ့တင်
ငလျင်လှုပ်ခတ်၊ အနာဂတ်ကို
ပွေ့ဖက်လိုက်လျက်၊ လမ်းတ၀က်မှာ။
**မြေ၀သုန်က
ဂုဏ်မပြုလည်း
လူထုဆီးကြိုနေမည်သာ။ ။
** မောင်လွမ်းဏီ **
(ကိုထက်မိုး ၏ ပြန်ကျမိုးများ)


No comments:
Post a Comment