(သြဂုတ်၁၉၊၂၀၁၀)
ထိုင်းမြန်မာနယ်စပ်၊တာခ့်ခရိုင် ဒု- ခရိုင် မှူး နိုင်ဝတ်စစ်ထိစူလရှ် ကယမန်နေ့ ကပြောဆိုလိုက်ကြောင်း ထိုင်းဘာသဖြင့်ထုတ် ဝေသည့်INN အွန်လိုင်းစာမျက်နှာတွင် ယနေ့ ရေးသားဖေါ်ပြထားသည်။
မြန်မာဘက်မှ လူသိများထင်ရှားသည့်မြန်မာကုန်သည်ကြီးတစ်ဦးနှင့် မြန်မာစစ်အစိုးရ ကုန်သွယ်ရေးဆိုင်ရာလူကြီးများနှင့်
တွေ့ ဆုံခဲ့ပြီးဖြစ်သဖြင့် လာမည့် ၁ ရက် ၂ ရက်အတွင်းထိုင်းမြန်မာချစ်ကြည်ရေးတံတားဖွင့်လှစ်နိုင်လိမ့်မည်ဖြစ်ကြောင်း
ဒု-ခရိုင် မှူး ကို ကိုးကား၍သတင်းတွင်ရေးသားထားသည်။
မဲဆောက်မြို့ရှိ ရွှေဆိုင်များတွင် ၀ယ်နေသည့် ရွှေဝယ်သူ ၃၀ ရာခိုင်နုန်းမှာ မြန်မာဘက်မှ ကုန်သည်များဖြစ်ကြောင်း။
ချစ်ကြည်ရေးတံတားပိတ်လိုက်ပြီးနောက်ပိုင်း နယ်စပ်အရောင်းအ၀ယ်များရပ်ဆိုင်းခဲ့ရပြီး နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း
များတွင်လုပ်ကိုင်နေကြသည့်မြန်မာအလုပ်သမားများလည်းအလုပ်လက်မဲ့ဖြစ်ခဲ့ကြရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့ မှ စ၍ ထိုင်းအစိုးရဘက်မှ ရေကမ်းပါးထိမ်းနံရံတည်ဆောက်မှုကို မြန်မာအစိုးရဘက်မှ မကျေနပ်သဖြင့် နှစ်နိုင်ငံကုန်သွယ်ရေး တံတားကို မြန်မာဘက်မှ ပိတ်ပစ်ခဲ့သည်။
ထို သို့ ပိတ်လိုက်ခြင်းကြောင့် ထိုင်းနိုင်ငံဘက်မှ တစ်နေလျှင် ဘတ်သန်းတစ်ရာ ၀န်းကျင်နစ်နာဆုံးရှုံးကြောင်းထိုင်းသတင်းစာများကဖေါ်ပြကြသည်။
မြန်မာဘက်မှထိုင်းသို့ တင်ပို့ သည့်ကုန်ပစ္စည်းတန်ဘိုးများမှာ တစ်လလျှင် ဘတ်ဆယ်ဂဏန်း(ကျပ်သန်း၃၀၀)ဖိုးခန့် သာရှိ
သော်သော်လည်းထိုင်းနိုင်ငံဘက်ကမြန်မာနိုင်ငံဘက်သို့ တင်ပို့ သည့်ကုန်ပစ္စည်းများတန်ဖိုးမှာဘတ်သန်း၁၀၀၀(ကျပ်သန်း၃၀၀,၀၀၀)ခန့် ရှိကြောင်းသိရှိရသည်။
ထိုင်းနိုင်ငံသည်တရုတ်အန္ဒိယတို့အပြိုင်မြန်မာပြည်တွင်ဈေးကွက်တွင်အပြိုင်ရောင်းဝယ်ဖေါက်ကားသည့်နိုင်ငံ
တစ်ခုဖြစ်သည်။ထိုင်းကုန်ပစ္စည်းများကိုတရုတ်ပစ္စည်းနှင့်အိန္ဒိယပစ္စည်းတို့ ထက် မြန်မာများကအ၇ည်သွေးမြင့်ပစ္စည်းအဖြစ်လက်ခံသုံးစွဲကြသည်။
သတင်း ... ကိုကျော်သောင်း(ဘန်ကောက်)
ရက်ပိုင်းအတွင်းထိုင်းမြန်မာချစ်ကြည်ရေးတံတားပြန်လည်ဖွင့်နိုင်ကြောင့်းဒု- ခရိုင် မှူးပြောဆို

No comments:
Post a Comment